ထောင်ကျမှာ မကြောက်ဘူး၊ ရည်းစား စိတ်မဝင်စားတော့မှာ ကြောက်တယ်ဆိုပြီး ယာဉ်တိုက်မှုဖြစ်အပြီး ရဲများလက်ပေါ် ငိုကြွေးခဲ့သည့် လူငယ်

ဆိုင်ကယ် မတော်တဆမှုဖြစ်ပွားပြီးနောက် အရေးယူခံရမည် သို့မဟုတ် ထောင်ကျမည်ကို မကြောက်ဘဲ ရည်းစားဖြစ်သူ၏ ပစ်ပယ်မှုကိုသာ စိုးရိမ်ကာ ရဲတပ်ဖွဲ့ဝင်များ၏ လက်ပေါ်တွင် ဝမ်းနည်းပူဆွေးစွာ ငိုကြွေးခဲ့သည့် အသည်းကွဲ လူငယ်တစ်ဦး၏ ဖြစ်စဉ် လူမှုကွန်ရက်ပေါ်တွင် အာရုံစိုက်မှု ရရှိလာခဲ့ပါတယ်။

စက်တင်ဘာ ၁၄ ရက်နေ့ နံနက်စောစော ၃:၀၀ နာရီခန့်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

အဆိုပါ လူငယ်သည် ဆိုင်ကယ် မောင်းနှင်လာစဉ် အသက် ၄၇ နှစ်အရွယ် အမျိုးသမီးတစ်ဦး၏ ဆိုင်ကယ်နှင့် တိုက်မိခဲ့သည်။ မတော်တဆမှုကြောင့် ဒဏ်ရာရရှိခဲ့သည့် အမျိုးသမီးဖြစ်သူအား ဆေးရုံသို့ ချက်ချင်း ပို့ဆောင်ပေးခဲ့ကြသည်။

ရဲတပ်ဖွဲ့ဝင်များသည် လူငယ်ဖြစ်သူအား ဆေးကုသမှုပေးရန်နှင့် အရေးယူရန် ဆေးရုံနှင့် ရဲစခန်းသို့ ခေါ်ဆောင်ချိန်တွင် အလွန်အမင်း ငိုကြွေးနေသဖြင့် ယာဉ်တိုက်မှုကြောင့် ထောင်ကျမည်ကို ကြောက်လန့်နေသည်ဟု ထင်မှတ်ခဲ့ကြသည်။

သို့သော် လူငယ်က “ကျွန်တော် ထောင်ကျမှာကို မကြောက်ပါဘူး၊ ကျွန်တော် ဘာများ မှားသွားလို့လဲ… ကျွန်တော့် ရည်းစား ကျွန်တော့်ကို စိတ်မဝင်စားတော့ဘူး” ဟု ဆိုကာ ရဲစခန်းသို့ ရောက်သည့်အထိ ဝမ်းနည်းတကြီး ငိုကြွေးနေခဲ့ခြင်းဖြစ်သည်။

လူငယ်မှာ အသည်းကွဲသဖြင့် အရက်သောက်သုံးထားပုံရပြီး ရဲတပ်ဖွဲ့ဝင်များက ဝိုင်းဝန်း ချော့မော့ခဲ့ကြသော်လည်း ချော့လေ ပိုငိုလေဖြစ်ကာ ရဲတပ်ဖွဲ့ဝင်များ၏ လက်ပေါ်တွင်ပင် ဆက်လက် ငိုကြွေးနေခဲ့သည်။

နောက်ဆုံးတွင် ရဲတပ်ဖွဲ့ဝင်များက လူငယ်အား “ငိုလည်းငို၊ ဆေးလည်းကု” ဟု ဆိုကာ လိုအပ်သည့် ဆေးကုသမှုများ ရရှိနိုင်ရန် ဆေးရုံသို့ စနစ်တကျ ပို့ဆောင်ပေးခဲ့ရသည်။

Source;Theinsoe