စားသုံးသူကာကွယ်ရေးရဲတပ်ဖွဲ့သည် ဘန်ကောက်မြို့၊ ဘန်ခင် (Bang Khen) ရှိ သက်ကြီးရွယ်အို စောင့်ရှောက်ရေးစခန်းတစ်ခုအား လိုင်စင်မရှိဘဲ လည်ပတ်နေသည်ကို တွေ့ရှိရသဖြင့် သောကြာနေ့တွင် ပိတ်သိမ်းခဲ့သည်။
စီးပွားရေးစီမံခန့်ခွဲမှု မဟာဘွဲ့ရရှိထားသူ ပိုရာမက် (Poramet) (၂၆ နှစ်) က ၎င်းတွင် လုပ်ငန်းနယ်ပယ် အတွေ့အကြုံ မရှိကြောင်းနှင့် လုပ်ငန်းသည် ၆ လကြာ ကျန်းမာရေးဝန်ဆောင်မှု ပံ့ပိုးရေးဌာန၏ ခွင့်ပြုချက်မရရှိဘဲ လည်ပတ်နေခဲ့ကြောင်း ဝန်ခံခဲ့သည်။
အဆိုပါ စောင့်ရှောက်ရေးစခန်းသည် တရားမဝင် လည်ပတ်နေပြီး၊ ဖောက်သည်တစ်ဦးလျှင် ဘတ်ငွေ ၁၈,၀၀၀ ကောက်ခံနေခဲ့သည်။ ဝင်ရောက် စစ်ဆေးရာတွင် စနစ်တကျ အမှိုက်စွန့်ပစ်မှု စနစ်များ မရှိကြောင်း တွေ့ရှိရပြီး၊ ကူးစက်နိုင်သည့် အမှိုက်များ ကို အများပြည်သူသုံး ရေမြောင်းများထဲသို့ စွန့်ပစ်ခဲ့သဖြင့် ပတ်ဝန်းကျင်ရှိ ရပ်ကွက်များကိုပါ ထိခိုက်စေသော ပိတ်ဆို့မှုများ ဖြစ်ပေါ်ခဲ့သည်။
အမှုကို ကျန်းမာရေးဌာန ဥပဒေ (Health Establishment Act) အရ ဥပဒေကြောင်းအရ အရေးယူရန် စုံစမ်းစစ်ဆေးရေးမှူးများထံ လွှဲပြောင်းပေးခဲ့သည်။
ထိုင်းနိုင်ငံသည် သက်ကြီးရွယ်အိုအများစုပါဝင်သော လူ့အဖွဲ့အစည်း အဖြစ်သို့ ပြောင်းလဲလာသည်နှင့်အမျှ အရည်အသွေးမြင့် သက်ကြီးရွယ်အို စောင့်ရှောက်မှု ဝန်ဆောင်မှုများ လိုအပ်ချက် တိုးလာနေပြီး၊ တရားမဝင် လုပ်ငန်းရှင်အချို့က ယင်းလိုအပ်ချက်ကို အခွင့်ကောင်းယူနေခြင်းကို ဤဖြစ်ရပ်က ဖော်ပြနေကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
Source: Bangkok Post
