ဗြိတိန်-နိုက်ဂျီးရီးယား နိုင်ငံသား စီးပွားရေးလုပ်ငန်းရှင်နှင့် ဆိုရှယ်မီဒီယာ အင်ဖလူရင်ဆာ တစ်ဦးဖြစ်သူ အီဂို “တိုင်နီ” ယူဘီရီဘို (Igho “Tiny” Ubiribo, ၄၃ နှစ်) ကွယ်လွန်မှုသည် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ ဆေးခန်းတစ်ခုတွင် လိင်အင်္ဂါကြီးထွားစေရန် ထိုးဆေးထိုးခဲ့ခြင်းနှင့် ဆက်စပ်နေကြောင်း လန်ဒန်မြို့ ခရိုင်မှုခင်းစစ်ဆေးရေးမှူး (Coroner) က အတည်ပြုလိုက်ကြောင်း သိရပါတယ်။
အသက် ၄၃ နှစ်အရွယ် ယူဘီရီဘိုသည် ၂၀၂၆ ခုနှစ် မတ်လ ၅ ရက်နေ့က ဘန်ကောက်ရှိ ဆေးခန်းတစ်ခုတွင် လိင်အင်္ဂါ တုတ်ခိုင်စေရန်အတွက် Hyaluronic acid နှင့် Lidocaine ပါဝင်သည့် ထိုးဆေး ၄၀ မီလီလီတာခန့် ထိုးနှံခဲ့သည်။
ထိုးဆေးထိုးပြီးနောက် ဇနီးဖြစ်သူနှင့်အတူ ဟိုတယ်သို့ ပြန်လာခဲ့ပြီး နှိပ်နယ်ခြင်း (Massage) ခံယူနေစဉ် ရင်ဘတ်အောင့်လာကာ သတိလစ်မေ့မြောမှု ၂ ကြိမ် ဖြစ်ပွားခဲ့သည်။
၎င်းအား ဆုခွန်ဝစ် (Sukhumvit) ဆေးရုံသို့ အရေးပေါ် ပို့ဆောင်ခဲ့ပြီး ဆရာဝန်များက CT scan ရိုက်ကူးရန် ပြင်ဆင်နေစဉ်အတွင်း သတိထပ်မံလစ်သွားခဲ့ကာ ၂၀၂၆ ခုနှစ် မတ်လ ၆ ရက် နံနက်စောစောပိုင်းတွင် ကွယ်လွန်သွားခဲ့ခြင်းဖြစ်သည်။
အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်သည့် သေမှုသေခင်း စုံစမ်းစစ်ဆေးချက် အသေးစိတ်ကို လန်ဒန်မြို့ တရားရုံး၏ စစ်ဆေးချက်များအရ စက်တင်ဘာလအတွင်း သတင်းမီဒီယာများတွင် တရားဝင် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
Source;The Nation
