ဖူးခက်ရှိ ဇိမ်ခံကွန်ဒိုမှ သံချောင်းပြုတ်ကျပြီး နေအိမ်ကို ထိုးဖောက်ဝင်ရောက်၊ တာဝန်ယူမှုအပိုင်းတွင် အငြင်းပွားနေဆဲ

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၅ ရက်နေ့တွင် ဖူးခက်အခြေစိုက် လူမှုကွန်ရက်စာမျက်နှာတစ်ခု၌ ဇိမ်ခံကွန်ဒိုဆောက်လုပ်ရေးမှ သံချောင်းပြုတ်ကျပြီး နေအိမ်ခေါင်မိုးကို ဖောက်ထွက်ကာ စိုက်ဝင်နေသည့် ဗီဒီယိုဖိုင်တစ်ခု ပျံ့နှံ့လာခဲ့သည်။

ဖြစ်စဉ်မှာ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၄ ရက်၊ ည ၈ နာရီခန့်တွင် ဖူးခက်ခရိုင်၊ သလန်း (Thalang) နယ်မြေ၊ Surin Beach အနီးရှိ The Petit Tycoon by The Chardonnay ဇိမ်ခံကွန်ဒိုစီမံကိန်းဆောက်လုပ်ရေးတွင် အသုံးပြုသည့် အလွန်ကြီးမားသော သံချောင်းကြီးတစ်ချောင်းသည် ကရိန်းပေါ်မှ ပြုတ်ကျကာ အနီးရှိနေအိမ်၏ ခေါင်မိုးကို ထိုးဖောက်ဝင်ရောက်ခဲ့သည်။

အိမ်ရှင်ဖြစ်သူ အမျိုးသမီးသည် အလွန်အမင်း ထိတ်လန့်တုန်လှုပ်နေပြီး ၎င်း၏အိမ်အတွင်း ကလေးငယ်များ နှင့် အိပ်ရာဖျန်းနာသည် (Bedridden patient) တစ်ဦးလည်း ရှိနေကြောင်း ပြောကြားခဲ့သည်။ သံချောင်းပြုတ်ကျသည့် နေရာမှာ မိသားစုဝင်များ ပုံမှန်ထိုင်လေ့ရှိသည့် နေရာဖြစ်သည်။အဆိုပါစီမံကိန်းကြောင့် ယခင်ကလည်း အိမ်အက်ခြင်း၊ ရေယိုစိမ့်ခြင်းနှင့် ကားများပေါ်သို့ မိုးရေများကျခြင်း စသည့် ပြဿနာများ ကြုံတွေ့ခဲ့ရဖူးကြောင်း သိရသည်။

အိမ်ရှင်သည် ရဲစခန်းတွင် တိုင်ချက်ဖွင့်ထားသော်လည်း လက်ရှိအချိန်အထိ အဆင်မပြေမှုများ ရှိနေပါသည်။ စီမံကိန်းတွင် ပါဝင်သည့် တာဝန်ရှိသူများမှာ တစ်ဦးနှင့်တစ်ဦး တာဝန်လွှဲချနေကြပြီး မည်သူက တာဝန်ယူမည်ကို ရှင်းရှင်းလင်းလင်း မရှိသေးပေ။တာဝန်ယူမည့်သူ အတည်မပြုနိုင်သေးသဖြင့် ပြုတ်ကျစိုက်ဝင်နေသည့် သံချောင်းမှာလည်း အိမ်အတွင်း၌ပင် ရှိနေဆဲဖြစ်ပြီး ပြုပြင်ပေးခြင်း သို့မဟုတ် လျော်ကြေးပေးခြင်းများ မရှိသေးကြောင်း သိရသည်။

ယခုရက်ပိုင်းအတွင်း ထိုင်းနိုင်ငံတွင် ကရိန်းနှင့် ပတ်သက်သည့် မတော်တဆမှုများ ဆက်တိုက်ဖြစ်ပွားနေခြင်းကြောင့် အများပြည်သူအကြား စိုးရိမ်မှုများ မြင့်တက်လျက်ရှိသည်။

Source: Khaosod