မလေးရှားနိုင်ငံ၊ ချားရပ်စ် (Cheras) နယ်မြေတွင် ပြုလုပ်ခဲ့သော လူဝင်မှုကြီးကြပ်ရေး စစ်ဆေးမှုများအတွင်း အဖမ်းမခံရစေရန် အဆောက်အဦးအမိုးပေါ်နှင့် မျက်နှာကြက်များတွင် ပုန်းအောင်းနေသူများကို ရှာဖွေရန် နည်းပညာသစ်များ အသုံးပြုခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်အသေးစိတ်မှာ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၉ ရက်၊ ညနေ ၆ နာရီမှ ည ၈ နာရီခွဲအထိ
ချားရပ်စ် (Cheras)၊ Taman Emas ရှိ ဆိုင်ခန်းများနှင့် အဆောက်အဦးများတွင် အဆင့်မြင့် အပူလှိုင်းသုံးဒရုန်း (Thermal Drones)။ ဤဒရုန်းများသည် လူခန္ဓာကိုယ်မှ ထွက်ရှိသည့် အပူရှိန်ကို သိရှိနိုင်သဖြင့် အမှောင်ထဲတွင်ဖြစ်စေ၊ အမိုးပေါ်တွင်ဖြစ်စေ ပုန်းနေသူများကို အလွယ်တကူ ရှာဖွေနိုင်သည်။
မလေးရှား လူဝင်မှုကြီးကြပ်ရေး ဒုတိယညွှန်ကြားရေးမှူးချုပ် Datuk Lokman Effendi Ramli ၏ ပြောကြားချက်အရ –
- နိုစစ်ဆေးခံရသူ: စုစုပေါင်း ၁,၀၈၇ ဦး။
- နိုဖမ်းဆီးခံရသူ: တရားဝင် အထောက်အထား မပြသနိုင်သူ ၂၁၈ ဦး (အသက် ၁၈ နှစ်မှ ၅၃ နှစ်အတွင်း)။
- နိုထူးခြားချက်: ဒရုန်းအကူအညီဖြင့် အမိုးပေါ်တွင် ပုန်းနေသည့် နိုင်ငံခြားသား ၁၅ ဦးကို ဖမ်းဆီးနိုင်ခဲ့သည်။
- နိုင်ငံသား: ဖမ်းဆီးခံရသူ ၂၁၈ ဦးအနက် မြန်မာနိုင်ငံသား အများစု ပါဝင်ကြောင်း မလေးရှားသတင်းဌာနများနှင့် မြန်မာရွှေ့ပြောင်းလုပ်သားများက အတည်ပြုသည်။
အဆိုပါ စစ်ဆေးမှုကို နိုင်ငံခြားသား အလုပ်သမားများ တရားမဝင် နေထိုင်ခြင်း ရှိ၊ မရှိ စစ်ဆေးရန် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး၊ အဆင့်မြင့်နည်းပညာကို အသုံးပြုခြင်းဖြင့် အရာရှိများအတွက် ပိုမိုထိရောက်မြန်ဆန်စေကြောင်း သိရသည်။ ဖမ်းဆီးခံရသူများကို လိုအပ်သည့် အရေးယူမှုများပြုလုပ်ရန် လူဝင်မှုကြီးကြပ်ရေး စခန်းများသို့ ပို့ဆောင်ထားပြီ ဖြစ်သည်။
Source;The Nation
