ကမ္ဘာ့ရွှေဈေးနှုန်းများ မငြိမ်မသက်ဖြစ်ပြီး ပြန်လည်ကျဆင်းလာသည့်အတွက် ထိုင်းပြည်သူအများအပြားသည် ရွှေကို စုဆောင်းရန်နှင့် အမြတ်ထုတ်ရန်အတွက် ဝယ်ယူမှုများပြားလာခဲ့သည်။ ထို့ကြောင့် စားသုံးသူများ ဘေးကင်းစိတ်ချရစေရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ပြည်တွင်းကုန်သွယ်ရေးဦးစီးဌာနက နိုင်ငံတစ်ဝှမ်းရှိ ရွှေဆိုင်များကို ရှောင်တခင် စစ်ဆေးမှုများ ပြုလုပ်လျက်ရှိသည်။
အရာရှိများသည် စီးပွားရေးလုပ်ငန်း ၁၀၅ ခု နှင့် ဒစ်ဂျစ်တယ်ချိန်ခွင် ၁၃၂ ခု ကို စစ်ဆေးခဲ့ရာတွင် ဥပဒေကို လိုက်နာကြပြီး ဈေးနှုန်းများကို ရှင်းလင်းစွာ ဖော်ပြထားသည်။အူဒွန်ထာနီ (Udon Thani) ခရိုင်ရှိ ဆိုင်တစ်ဆိုင်တွင် ချိန်ခွင်မတိကျမှု ကို တွေ့ရှိခဲ့ရသဖြင့် အဆိုပါချိန်ခွင်ကို “အသုံးပြုရန် တားမြစ်သည်” ဟု ချက်ချင်း အမိန့်ထုတ်ကာ အရေးယူခဲ့သည်။

ရွှေဆိုင်ပိုင်ရှင်များအနေဖြင့် အောက်ပါဥပဒေများကို လိုက်နာရန် ပျက်ကွက်ပါက ပြင်းထန်သော ပြစ်ဒဏ်များ ခံရမည်ဖြစ်သည်။ချိန်ခွင်မတိကျခြင်း သို့မဟုတ် ပြုပြင်မွမ်းမံခြင်းအတွက် ထောင်ဒဏ် ၇ နှစ် အထိဖြစ်စေ၊ ဒဏ်ငွေ ဘတ် ၂၈၀,၀၀၀ အထိဖြစ်စေ၊ ပြစ်ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခံရနိုင်သည်။
ဈေးနှုန်းဖော်ပြရန် ပျက်ကွက်ခြင်းအတွက် ဒဏ်ငွေ ဘတ် ၁၀,၀၀၀ အထိ ချမှတ်ခံရနိုင်သည်။
ပြည်တွင်းကုန်သွယ်ရေးဦးစီးဌာနက ပြည်သူများကို အောက်ပါအတိုင်း အကြံပြုထားပါသည် – ၁။ ရွှေအရောင်းအဝယ်မလုပ်မီ ချိန်ခွင်တွင် ဝန်ကြီးဌာန၏ တရားဝင် အသိအမှတ်ပြု စတစ်ကာ (Official Certification Sticker) ပါ၊ မပါ စစ်ဆေးပါ။ ၂။ အကယ်၍ ဈေးနှုန်းဖော်ပြထားခြင်း မရှိခြင်း သို့မဟုတ် ချိန်ခွင်မတိကျဟု သံသယရှိပါက Hotline ၁၅၆၉ သို့ ဆက်သွယ်တိုင်ကြားနိုင်ပါသည်။
Source;The Nation
