စမွတ်စာခွန်တွင် လူသုံးကုန်အတု ၂ သိန်းကျော် ဖမ်းမိ၊ မြန်မာအမျိုးသမီးတစ်ဦး အဖမ်းခံရ

ထိုင်းနိုင်ငံ၊ စမွတ်စာခွန်ခရိုင်တွင် တရုတ်နိုင်ငံသား ခင်ပွန်းဖြစ်သူနှင့်အတူ အွန်လိုင်းမှတစ်ဆင့် လူသုံးကုန်ပစ္စည်းအတုများ ထုတ်လုပ်ရောင်းချနေသည်ဟု စွပ်စွဲခံထားရသော မြန်မာအမျိုးသမီးတစ်ဦးကို ဖမ်းဆီးရမိခဲ့ပြီး ဘတ်ငွေ သိန်းနှင့်ချီတန်ဖိုးရှိ ပစ္စည်းများကို သိမ်းဆည်းရမိခဲ့သည်။

စီးနင်းဖမ်းဆီးမှု အသေးစိတ်မှာ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၄ ရက် (ဗုဒ္ဓဟူးနေ့)၊ စမွတ်စာခွန်ခရိုင်၊ မောင် (Mueang) မြို့နယ်ရှိ Setthakit Bang Pla လမ်းပေါ်မှ ဂိုဒေါင်တစ်ခုနှင့် အနီးနားရှိ နေအိမ်တစ်လုံးတွင်

“စန့် (Sank)” အမည်ရှိ မြန်မာအမျိုးသမီးတစ်ဦးနှင့်တရုတ်နိုင်ငံသား (သူမခင်ပွန်းဖြစ်သူမှာ လွတ်မြောက်နေဆဲ ဖြစ်သည်)။အတုပြုလုပ်ထားသည့် လူသုံးကုန်ပစ္စည်း (Personal-care products) ပေါင်း ၂၀၀,၀၀၀ ကျော် ကိုဖမ်းမိခဲ့သည်။

Photo Courtesy of Bangkok Post

စီးပွားရေးမှုခင်းနှိမ်နင်းရေးရဲတပ်ဖွဲ့ (ECD) နှင့် မူပိုင်ခွင့်ဦးစီးဌာနတို့သည် နာမည်ကြီး တံဆိပ်ပိုင်ရှင်များ၏ တိုင်ကြားချက်အရ ဝင်ရောက်စီးနင်းခဲ့ခြင်း ဖြစ်သည်။တရားခံများသည် နာမည်ကြီး အမှတ်တံဆိပ်များကို အတုခိုးကာ ဈေးကွက်ပေါက်ဈေးထက် များစွာသက်သာသော ဈေးနှုန်းများ၊ အထူးလျှော့ဈေးများဖြင့် အွန်လိုင်းတွင် ဆွဲဆောင်ရောင်းချခဲ့သည်။

အာဏာပိုင်များက ယင်းသို့ အတုပြုလုပ်ထားသည့် တစ်ကိုယ်ရေသုံး လူသုံးကုန်ပစ္စည်းများသည် စားသုံးသူများအတွက် ပြင်းထန်သော ကျန်းမာရေးဘေးထွက်ဆိုးကျိုးများ ဖြစ်ပေါ်စေနိုင်ကြောင်း သတိပေးထားသည်။

ဖမ်းဆီးခံရသူ မြန်မာအမျိုးသမီးက သူမသည် ဂိုဒေါင်ကို စီမံခန့်ခွဲသူဖြစ်ပြီး ပစ္စည်းများမှာ သူမ၏ ပိုင်ဆိုင်မှုဖြစ်ကြောင်း၊ ဤလုပ်ငန်းကို တရုတ်နိုင်ငံသား ခင်ပွန်းဖြစ်သူနှင့်အတူ လုပ်ကိုင်နေခြင်းဖြစ်ကြောင်း ဝန်ခံခဲ့သည်။ သူမကို မူပိုင်ခွင့်ချိုးဖောက်မှု၊ အတုပြုလုပ်ထားသော ကုန်စည်များကို ရောင်းချရန် လက်ဝယ်ထားရှိမှုတို့ဖြင့် တရားစွဲဆိုထားသည်။ ရဲတပ်ဖွဲ့သည် ထွက်ပြေးတိမ်းရှောင်နေသည့် တရုတ်နိုင်ငံသား ခင်ပွန်းဖြစ်သူကို ဖမ်းဆီးနိုင်ရန် အရှိန်အဟုန်မြှင့် ရှာဖွေလျက်ရှိသည်။

Source;Bangkok Post