ယခုနှစ်ပွဲတော်ကာလအတွင်း ခရီးသွားလုပ်ငန်းကနေ ဘတ်ငွေ ၄၂ ဘီလီယံ ခန့် ဝင်ငွေရရှိဖို့ မျှော်မှန်းထားပြီး၊ နိုင်ငံတစ်ဝှမ်း ခရီးစဉ်ပေါင်း ၃.၅ သန်းကျော် ရှိလာမယ်လို့ ခန့်မှန်းထားပါတယ်။
အဓိက ကျင်းပမည့်နေရာများနှင့် ရက်စွဲများ
ဘန်ကောက် (Yaowarat – တရုတ်တန်း) – ဖေဖော်ဝါရီ ၇ ရက်မှ မတ် ၁ ရက်အထိ လမ်းတစ်လျှောက် မီးအလှဆင်မှုများ ပြုလုပ်ပါမည်။
ဘန်ကောက် (Siam Paragon) – ဖေဖော်ဝါရီ ၁၄ ရက်မှ ၁၈ ရက်အထိ တရုတ်နိုင်ငံမှ ယဉ်ကျေးမှုအဖွဲ့များ၏ ဖျော်ဖြေပွဲများနှင့် မီးပုံးပွဲတော်များ ကျင်းပပါမည်။
ဟတ်ယိုင် (Hat Yai) – ဖေဖော်ဝါရီ ၁၇ ရက်မှ ၂၀ ရက်အထိ Saneha Nusorn လမ်းပေါ်တွင် တရုတ်နိုင်ငံ ဖူကျန့်ပြည်နယ်မှ အနုပညာရှင်များ၏ ကွမ်းတောင်ကခြင်း၊ ဆပ်ကပ်နှင့် မီးအလှပြပွဲများ ပြုလုပ်ပါမည်။
နခွန်စာဝန် (Nakhon Sawan) နှင့် ဆူဖန်ဘူရီ (Suphan Buri) – နာမည်ကြီး နဂါးနှင့် ခြင်္သေ့အက လှည့်လည်ပွဲများကို ဒေသအလိုက် ခမ်းနားစွာ ကျင်းပပါမည်။
ခရီးသွားလာမှု ခန့်မှန်းချက်များ
- ခရီးသွားကာလ – ဖေဖော်ဝါရီ ၁၃ ရက်မှ ၂၂ ရက်အထိ။
- နိုင်ငံတကာခရီးသွား – ၁.၂၅ သန်း (တရုတ်နိုင်ငံသား ၂၄၁,၀၀၀ အပါအဝင်)။
- ပြည်တွင်းခရီးသွား – ၂.၃ သန်း။
ပွဲတော်ကာလအတွင်း ဘန်ကောက်နှင့် ဟတ်ယိုင်တို့မှာ လူစည်ကားပြီး ယာဉ်ကြောပိတ်ဆို့မှုများ ရှိနိုင်တာကြောင့် ခရီးစဉ်ကို ကြိုတင်စီစဉ်ထားဖို့ လိုအပ်ပါတယ်။ အထူးသဖြင့် Yaowarat ဒေသဟာ ညဘက်မီးအလှတွေကို ဓာတ်ပုံရိုက်ဖို့ အကောင်းဆုံးနေရာ ဖြစ်ပါလိမ့်မယ်။
Source;nbt World
