ထိုင်းနိုင်ငံတွင် သင်္ကြန်ကာလအတွင်း ဒေသခံတို့၏ အလုပ်အကိုင်များကို လုယူလုပ်ကိုင်နေသည့် နိုင်ငံခြားသားများကို ဖမ်းဆီးအရေးယူရာ၌ တရားမဝင် ဧည့်လမ်းညွှန်လုပ်ကိုင်နေသည့် ရုရှားနိုင်ငံသားတစ်ဦးကို ဖမ်းဆီးရမိခဲ့သည်။
အဆိုပါ အမျိုးသားသည် အလုပ်လုပ်ကိုင်ခွင့် (Work Permit) မပါဝင်သည့် Destination Thailand Visa (DTV) ကို ကိုင်ဆောင်ကာ ရုရှားဘာသာဖြင့် ခရီးစဉ်များရေးဆွဲ၍ လုပ်ငန်းလုပ်ကိုင်နေခြင်းဖြစ်သည်။
ရဲတပ်ဖွဲ့သည် ၎င်းအား လိုင်စင်မဲ့ ခရီးသွားလုပ်ငန်းလုပ်ကိုင်မှု၊ ခွင့်ပြုချက်မရှိဘဲ ဧည့်လမ်းညွှန်လုပ်မှုနှင့် နိုင်ငံခြားသား အလုပ်သမားဥပဒေ ချိုးဖောက်မှုများဖြင့် အမှုဖွင့် အရေးယူထားသည်။ လက်ရှိတွင် တရားဥပဒေကြောင်းအရ ဆက်လက်ဆောင်ရွက်နေပြီး ၎င်း၏ ဗီဇာကို ပယ်ဖျက်ကာ ပြည်နှင်ဒဏ် (Deportation) ပေးသွားမည်ဖြစ်ကြောင်း အာဏာပိုင်များက အတည်ပြု ပြောကြားထားသည်။
Source; Bangkok Post

