လျှို့ဝှက်ဝန်ဆောင်မှုအဖွဲ့ (Secret Service) ၏ ထုတ်ပြန်ချက်အရ သံသယရှိသူသည် Shotgun အမျိုးအစား သေနတ်ကို ကိုင်ဆောင်ထားပြီး အေးဂျင့်တစ်ဦးကို စတင်ပစ်ခတ်ခဲ့ပြီးနောက် ဖမ်းဆီးထိန်းသိမ်းခြင်း ခံခဲ့ရခြင်း ဖြစ်သည်။

၁။ ပညာအရည်အချင်း:
▪️၂၀၁၇ ခုနှစ်တွင် California Institute of Technology (Caltech) မှ စက်မှုအင်ဂျင်နီယာဘာသာရပ်ဖြင့် ဘွဲ့ရရှိခဲ့ကြောင်း ကျောင်းဘက်မှ အတည်ပြုထားသည်။
▪️၂၀၂၅ ခုနှစ်တွင် California State University, Dominguez Hills မှ ကွန်ပျူတာသိပ္ပံဘာသာရပ်ဖြင့် မဟာဘွဲ့ ရရှိထားသူ ဖြစ်သည်။
၂။ လုပ်ငန်းအတွေ့အကြုံ:
▪️လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်း C2 Education တွင် အချိန်ပိုင်းဆရာအဖြစ်လည်းကောင်း၊ ကိုယ်ပိုင်ဂိမ်းထုတ်လုပ်သူ (Self-employed game developer) အဖြစ်လည်းကောင်း လုပ်ကိုင်ခဲ့သည်။
▪️ယခင်က South Pasadena ရှိ IJK Controls ကုမ္ပဏီတွင် စက်မှုအင်ဂျင်နီယာအဖြစ် တစ်နှစ်ခန့် လုပ်ကိုင်ခဲ့ဖူးသလို Caltech တွင်လည်း သင်ကြားရေးလက်ထောက် (Teaching Assistant) အဖြစ် လုပ်ကိုင်ခဲ့သည်။
၃။ အောင်မြင်မှုများနှင့် စိတ်ဝင်စားမှု:
▪️၂၀၁၆ ခုနှစ်တွင် Caltech ၌ ကျင်းပသည့် ရိုဘော့တစ် (Robotics) ပြိုင်ပွဲတွင် ၎င်း၏အဖွဲ့က ဆုရရှိခဲ့သည့်အကြောင်း ဒေသခံသတင်းစာတွင် ဖော်ပြခြင်းခံခဲ့ရသည်။
▪️၎င်း၏ ကိုယ်ရေးမှတ်တမ်းတွင် စိတ်ဝင်စားသည့်အချက် (Cause) အဖြစ် “သိပ္ပံနှင့် နည်းပညာ” (Science and Technology) တစ်ခုတည်းကိုသာ ဖော်ပြထားသည်။
Source;The Nation
