ဒီဖြစ်ရပ်ဟာ ခုရာဘူရီ (Khura Buri) ခရိုင်၊ ခုရာ (Khura) တိုက်နယ်ရှိ ဆီအုန်းခြံတစ်ခုအတွင်းမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ကယ်ဆယ်ရေးအဖွဲ့တွေက အလောင်းတွေကို ခက်ခက်ခဲခဲ ပြန်လည်ဆယ်ယူခဲ့ရပါတယ်။
ပထမဦးစွာ ရွာသား ၂ ဦးဟာ ၆ မီတာခန့် နက်တဲ့ ရေတွင်းဟောင်းကို သန့်ရှင်းရေးလုပ်ဖို့ ဆင်းသွားရာကနေ သတိလစ်ပြီး ရေနစ်ခဲ့ပါတယ်။ အဆိုပါ ၂ ဦးကို ကယ်ဖို့အတွက် နောက်ထပ် ရွာသား ၂ ဦး ထပ်မံဆင်းသွားခဲ့ရာမှာ သူတို့လည်း သတိလစ်ပြီး သေဆုံးခဲ့ရပြန်ပါတယ်။

ပဉ္စမမြောက်လူဟာ ကြိုးနဲ့ဆင်းဖို့ ကြိုးစားခဲ့ပေမဲ့ နေမကောင်းသလို ခံစားရတာကြောင့် ပြန်ဆွဲတင်ဖို့ အချက်ပြနိုင်ခဲ့လို့ အသက်ဘေးက လွတ်မြောက်ခဲ့ပါတယ်။ နောက်ထပ် ကယ်ဆယ်ရေးသမားတစ်ဦးလည်း ဆင်းဖို့ကြိုးစားရာမှာ အချိန်မီ ပြန်ဆွဲတင်နိုင်ခဲ့ပါတယ်။
:သေဆုံးသူ ၄ ဦးစလုံးဟာ ဒေသခံတွေဖြစ်ကြတဲ့ အသက် ၄၂ နှစ်အရွယ် Suthon၊ ၃၄ နှစ်အရွယ် Suthat၊ ၃၀ နှစ်အရွယ် Theeradon နဲ့ ၅၁ နှစ်အရွယ် Wahab တို့ ဖြစ်ကြပါတယ်။ ရေတွင်းထဲမှာ အောက်ဆီဂျင် အလွန်နည်းပါးနေခြင်း (သို့မဟုတ်) အန္တရာယ်ရှိတဲ့ အဆိပ်ငွေ့တွေ စုပုံနေခြင်းကြောင့် သေဆုံးခဲ့ရတာလို့ တာဝန်ရှိသူတွေက ယူဆထားပါတယ်။
Source;Thaiger
