ကုန်ဈေးနှုန်းကြီးမြင့်မှုကို လျှော့ချနိုင်ရန်နှင့် ဒေသခံပြည်သူများ ဈေးနှုန်းချိုသာသော အရည်အသွေးမြင့် ကုန်ပစ္စည်းများကို အလွယ်တကူ ဝယ်ယူနိုင်ရန် ရည်ရွယ်ပြီး တစ်နိုင်ငံလုံးရှိ ခရိုင်ရုံး (District Offices) ၈၇၈ ခုမှာ မေလရဲ့ သောကြာနေ့တိုင်း ပြုလုပ်နေခြင်း ဖြစ်ပါတယ်။

📊 ပထမနှစ်ပတ် (မေ ၁ ရက် နှင့် ၈ ရက်) အရောင်းရလဒ်များ
▪️စုစုပေါင်းရောင်းအား: ၆၀,၈၅၄,၂၉၀.၄၅ ဘတ် (ဘတ် ၆၀.၈ သန်းကျော်)။
▪️ပါဝင်သူဦးရေ: ပြည်သူ ၅ သိန်းကျော် လာရောက်ဝယ်ယူခဲ့ကြပါတယ်။
▪️အရောင်းရဆုံး ပစ္စည်းများ: စားအုန်းဆီ၊ ကြက်ဥ/ဘဲဥ၊ အဝတ်လျှော်ဆပ်ပြာ၊ အဝတ်ပျော့ဆေး၊ ဆန် နှင့် သကြား။
▪️အရောင်းရဆုံး ခရိုင်များ: ရလာခရိုင်ရှိ Kabang၊ စာရာဘူရီခရိုင်ရှိ Mueang Saraburi နှင့် ရာ့ချ်ဘူရီခရိုင်ရှိ Mueang Ratchaburi။

📅 နောက်ထပ်ကျန်ရှိမည့် အရောင်းပတ်များ (မေလအတွင်း)
ပြည်သူများအနေဖြင့် ကျန်ရှိနေသေးသည့် သောကြာနေ့တိုင်းတွင် နံနက် ၈:၃၀ မှ ညနေ ၄:၃၀ အထိ ဈေးနှုန်း ၅၈% အထိ လျှော့စျေး ဖြင့် ဆက်လက်ဝယ်ယူနိုင်ပါတယ်။
▪️တတိယပတ်: မေလ ၁၅ ရက် (သောကြာနေ့)
▪️စတုတ္ထပတ်: မေလ ၂၂ ရက် (သောကြာနေ့)
▪️ပဉ္စမပတ်: မေလ ၂၉ ရက် (သောကြာနေ့)
ဝယ်ယူနိုင်သည့်နေရာများ: ၁။ မိမိတို့မြို့နယ်အတွင်းရှိ ခရိုင်ရုံး (District Offices/Amphoe) အားလုံး။ ၂။ နာမည်ကြီး စတိုးဆိုင်ကြီးများဖြစ်သည့် BigC, Lotus’s, Makro, Tops, CJ, Go Wholesale နှင့် နီးစပ်ရာ ကုန်စုံဆိုင်များ။
Source;Thairath
