ဝန်ကြီးချုပ် Anutin ဖူးခက်သို့ရောက်ရှိ – ကျူးကျော်မြေနှင့် တရားမဝင်စီးပွားရေးများကို နှိမ်နင်းရန် ညွှန်ကြား

ဝန်ကြီးချုပ်၏ ယခုခရီးစဉ်သည် ဖူးခက်၏ ခရီးသွားလုပ်ငန်းပုံရိပ်ကို ပြန်လည်မြှင့်တင်ရန်နှင့် ဥပဒေမဲ့ မြေကျူးကျော်မှုများကို အမြစ်ပြတ်ရှင်းလင်းရန် ရည်ရွယ်ခြင်း ဖြစ်ပါတယ်။

၂၀၂၆ ခုနှစ်အစပိုင်းမှစတင်ကာ အများပြည်သူပိုင် ကမ်းခြေမြေပေါ်တွင် တရားမဝင်ဆောက်လုပ်ထားသည့် စားသောက်ဆိုင် ၁၆ ဆိုင်ကို ဖျက်သိမ်းခဲ့ပြီး မြေ ၅ ရိုင်ခန့် (စတုရန်းမီတာ ၈,၀၀၀ ကျော်) ကို ပြန်လည်သိမ်းယူနိုင်ခဲ့ပါတယ်။ ဤနေရာတွင် နိုင်ငံခြားသားများသည် ထိုင်းလူမျိုးအမည်ခံ (Nominees) များအသုံးပြုကာ မြေများကို တရားမဝင် ငှားရမ်းလုပ်ကိုင်နေကြခြင်း ဖြစ်ပါတယ်။ 

Freedom Beach တွင် ကျူးကျော်မှုကို စစ်ဆေးသည့် အရာရှိများကို သေနတ်ဖြင့် ပစ်ခတ်ခြိမ်းခြောက်မှုများ ရှိနေသဖြင့် “Freedom Beach Mafia” ဟုခေါ်သည့် ဂိုဏ်းများကို အစိုးရက အထူးအလေးထား နှိမ်နင်းနေပါတယ်။ ထို့အပြင် ကျူးကျော်ထားသည့် မြေနေရာတွင် ဆင် ၄ ကောင်ကို ချည်နှောင်ထားသည်ကိုလည်း တွေ့ရှိရသဖြင့် တရားမဝင် တောရိုင်းတိရစ္ဆာန် ပိုင်ဆိုင်မှုဖြင့်ပါ စစ်ဆေးနေပါတယ်။ 

နိုင်ငံခြားသားများ စီးပွားရေးဥပဒေ ချိုးဖောက်မှု (Nominee Laws) နှင့် ပတ်သက်၍ လုပ်ငန်းပေါင်း ၁၅ ခုကို စစ်ဆေးနေပြီး သံသယရှိသူ ၃၃ ဦးကို ဖမ်းဆီးထားပါတယ်။ ၎င်းတို့အနက် ရုရှားနိုင်ငံသား အများဆုံးဖြစ်ပြီး တရုတ်နိုင်ငံသားများက ဒုတိယအများဆုံး ဖြစ်ပါတယ်။၂၀၂၆ ခုနှစ် ပထမ ၄ လအတွင်းမှာတင် ထိုင်းနိုင်ငံတကာယာဉ်မောင်းလိုင်စင် မရှိဘဲ မောင်းနှင်သည့် နိုင်ငံခြားသား ၈,၆၀၀ ကျော် ကို ဖမ်းဆီးအရေးယူခဲ့ပါတယ်။

Source;The Nation