အစိုးရသည် လက်ရှိတွင် နိုင်ငံပေါင်းများစွာကို ပေးထားသည့် ရက် ၆၀ ဗီဇာကင်းလွတ်ခွင့်ကို ရက် ၃၀ သို့ ပြန်လည်လျှော့ချရန် စဉ်းစားနေပြီး၊ လိုအပ်ပါက လဝကရုံးများတွင် ရက် ၃၀ ထပ်မံတိုးမြှင့်နိုင်သည့် စနစ်သို့ ပြောင်းလဲရန် စီစဉ်နေခြင်း ဖြစ်ပါတယ်။
နိုင်ငံခြားသားတစ်ဦးက စစ်အသုံးအဆောင် လက်နက်အမြောက်အမြားကို မည်သို့ပိုင်ဆိုင်ထားသနည်းဆိုသည်မှာ အလွန်စိုးရိမ်စရာကောင်းပြီး၊ ၎င်းသည် နိုင်ငံတော်လုံခြုံရေးကို ထိခိုက်စေနိုင်ကြောင်း ဝန်ကြီးချုပ်က ဆိုပါတယ်။ ခရီးသွားအမည်ခံကာ ဝင်ရောက်လာပြီး ရာဇ၀တ်မှုကျူးလွန်ခြင်း၊ အွန်လိုင်းငွေလိမ်ဂိုဏ်း (Scam) များ လုပ်ဆောင်ခြင်းနှင့် ဗီဇာကျော်နေထိုင်ခြင်း (Overstay) များပြားလာခြင်းတို့ကြောင့် ဗီဇာစည်းမျဉ်းများကို ပြန်လည်တင်းကျပ်ရန် လိုအပ်လာခြင်း ဖြစ်ပါတယ်။
နိုင်ငံခြားရေးဝန်ကြီး Sihasak Phuangketkeow ကလည်း ခရီးသွားဗီဇာဖြင့် ဝင်ရောက်လာသူများအနက် မကောင်းသော ရည်ရွယ်ချက်ရှိသူများကို ပိုမိုထိရောက်စွာ စိစစ်နိုင်ရန် လူဝင်မှုကြီးကြပ်ရေး လုပ်ငန်းစဉ်များကို မြှင့်တင်ရမည်ဟု ပြောကြားခဲ့ပါတယ်။
Source;ThaiPBSWorld
