ပြင်သစ်နိုင်ငံ၊ မာဆေးလ်မြို့ (Marseille) ပြင်ဘက်မှာ တောမီးကြီး လောင်ကျွမ်းနေပြီး လူပေါင်း ၁၀၀ ကျော် ဒဏ်ရာရရှိခဲ့ပါတယ်။
မီးသတ်သမားတွေ မီးငြှိမ်းသတ်နေပေမဲ့ မီးက လုံးဝမထိန်းချုပ်နိုင်သေးပါဘူး။ ဒီမီးကြောင့် ဒေသခံ ၄၀၀ ကျော်ကို ဘေးလွတ်ရာရွှေ့ပြောင်းပေးခဲ့ရပြီး ဟက်တာ ၇၀၀ ခန့် မီးလောင်ကျွမ်းခဲ့ပါတယ်။
မော်တော်ကားတစ်စီးကနေ မီးစတင်လောင်ကျွမ်းခဲ့တာလို့ ယူဆရပြီး လေပြင်းတိုက်ခတ်မှုနဲ့ မတ်စောက်တဲ့ တောင်စောင်းတွေကြောင့် မီးက လျင်မြန်စွာ ကူးစက်ခဲ့တာပါ။
မာဆေးလ် (Marseille) လေဆိပ်လည်း ပုံမှန်အတိုင်း ပြန်လည်ပျံသန်းနေပြီ ဖြစ်ပါတယ်။ လက်ရှိမှာတော့ အရေးပေါ်ဝန်ထမ်းတွေမမောမပန်းမီးငြှိမ်းသတ်နေကြဆဲ ဖြစ်ပါတယ်။
ဒီဖြစ်ရပ်ဟာ ဥရောပတစ်လွှား အပူလှိုင်းဖြတ်နေချိန်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး စပိန် (Spain) နဲ့ ဂရိ (Greek) နိုင်ငံတို့မှာလည်း တောမီးလောင်မှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။