စူပါကွန်ပျူတာ၏ ၂၀၂၆ ကမ္ဘာ့ဖလား ဗိုလ်စွဲမည့်အသင်း ခန့်မှန်းချက် 

ဘောလုံးစာရင်းအင်း ကျွမ်းကျင်အဖွဲ့အစည်းဖြစ်သည့် Opta သည် ပြိုင်ပွဲဝင် ၄၈ နိုင်ငံ၏ နောက်ဆုံးလူစာရင်း (၂၆ ဦး) ထွက်ပေါ်လာပြီးနောက်၊ ၂၀၂၆ ကမ္ဘာ့ဖလားတွင် မည်သည့်နိုင်ငံက ဗိုလ်စွဲရန် အခွင့်အရေးအများဆုံးရှိသလဲဆိုသည်ကို ၎င်းတို့၏ စူပါကွန်ပျူတာဖြင့် တွက်ချက်ကာ ထုတ်ပြန်လိုက်ပါတယ်။

▪️ပထမနေရာ – စပိန်အသင်း 🇪🇸 (၁၆.၁၂%): ယူရို ၂၀၂၄ ချန်ပီယံ စပိန်အသင်းသည် လာမင်း ယာမားလ်၊ ရိုဒရီ၊ ပက်ဒရီ၊ ဒါးဗစ် ရာယာ နှင့် ဖာဘီယန် ရုဇ် တို့လို ကြယ်ပွင့်များဖြင့် အားဖြည့်ထားပြီး စူပါကွန်ပျူတာ၏ ထိပ်ဆုံးရေပန်းအစားဆုံးအသင်းအဖြစ် သတ်မှတ်ခံရသည်။

▪️ဒုတိယနေရာ – ပြင်သစ်အသင်း 🇫🇷 (၁၂.၉၈%): အမ်ဘာပေ၊ ဒမ်ဘီလီ၊ အိုလီဆေး၊ ဒူအေး နှင့် ရှာကီ တို့လို တိုက်စစ်ကစားသမားကောင်းများစွာ ပါဝင်နေပြီး ဒုတိယနေရာတွင် ရှိနေသည်။

▪️တတိယနေရာ – အင်္ဂလန်အသင်း 🏴󠁧󠁢󠁥󠁮󠁧󠁿 (၁၁.၁၈%): နည်းပြ သောမတ်စ် တူဟယ်လ်သည် ဖိုဒန်၊ ပါးလ်မား၊ အာနိုးလ် နှင့် မက်ဂွိုင်းရား တို့ကို လူစာရင်းမှ ချန်လှပ်ခဲ့မှုကြောင့် ဝေဖန်ခံနေရသော်လည်း ဟာရီကိန်း၊ ဒက်ကလန် ရိုက်စ်၊ ဂျုဒ် ဘယ်လင်ဟမ် တို့နှင့်အတူ တတိယနေရာတွင် ရှိနေဆဲဖြစ်သည်။

▪️စတုတ္ထနေရာ – အာဂျင်တီးနားအသင်း 🇦🇷 (၁၀.၃၆%): လက်ရှိကမ္ဘာ့ချန်ပီယံ အာဂျင်တီးနားအသင်းသည် မက်ဆီ၊ အယ်လ်ဗာရက်ဇ်၊ မက် အယ်လစ္စတာ၊ ဖာနန်ဒက်ဇ် နှင့် ဒီပေါလ် တို့လို အဓိကကစားသမားဟောင်းများကို ဆက်လက်ထိန်းသိမ်းထားသော်လည်း စတုတ္ထနေရာသို့ ရောက်ရှိနေသည်။

▪️ပဉ္စမနေရာ – ပေါ်တူဂီအသင်း 🇵🇹 (၇.၀၀%)

▪️ဆဋ္ဌမနေရာ – ဘရာဇီးအသင်း 🇧🇷 (၆.၆၁%): ၅ ကြိမ်ကမ္ဘာ့ချန်ပီယံ ဘရာဇီးအသင်းသည် နည်းပြ အန်ဆလော့တီကို ခန့်အပ်ထားသော်လည်း လူစာရင်းပိုင်း မျှော်လင့်ထားသလောက် အားမကောင်းခြင်းကြောင့် အဆင့် ၆ အထိ အံ့အားသင့်ဖွယ် လျော့ကျသွားခဲ့သည်။

▪️သတ္တမနေရာ – ဂျာမနီအသင်း 🇩🇪 (၅.၁၂%)

ဒီခန့်မှန်းချက်အရ ဥရောပတိုက်က စပိန်နဲ့ ပြင်သစ်အသင်းတွေက လက်ရှိမှာ တောင်အမေရိကထိပ်သီးတွေထက် ပိုမိုတောင့်တင်းပြီး ရေပန်းစားနေတာကို တွေ့ရပါတယ်။ ဒါပေမဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲကြီးဟာ အမြဲတမ်း အံ့အားသင့်စရာတွေနဲ့ ပြည့်နှက်နေတတ်တာကြောင့် ဘယ်အသင်းက တကယ်ဗိုလ်စွဲသွားမလဲဆိုတာ ရင်ခုန်စွာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

Source;Thairath