ထိုင်း-မြန်မာနယ်စပ်တွင် ဘတ် ၁၀ သန်းတန် မီးစက်ကြီးများ ဖမ်းဆီးရမိ

ဖမ်းဆီးမှုကို ကန်ချနဘူရီခရိုင်၊ ဆန်ခလဘူရီမြို့နယ်၊ နောင်လူး (Nong Lu) ကျေးရွာအုပ်စုရှိ အဝေးပြေးလမ်းမကြီး အမှတ် ၃၂၃ (သင်္ကန်းညီနောင်-ဘုရားသုံးဆူ လမ်းကြောင်း) ပေါ်တွင် ပြုလုပ်ခဲ့ခြင်း ဖြစ်ပါတယ်။

သံသယရှိသူများ မောင်းနှင်လာသည့် ထရပ်ကား ၃ စီးပေါ်မှ ဒီဇယ်မီးစက်ကြီး ၂ လုံး နှင့် လျှပ်စစ်ထိန်းချုပ်စနစ် ဗီဒို (Control Cabinets) ၄ ခု ကို သိမ်းဆည်းရမိခဲ့ပါတယ်။ အဆိုပါ ပစ္စည်းများ၏ စုစုပေါင်းတန်ဖိုးမှာ ဘတ် ၁၀ သန်းခန့် ရှိပါတယ်။မီးစက်များပေါ်တွင် တရုတ်စာလုံးများ ရိုက်နှိပ်ထားပြီး၊ အကောက်ခွန်ဆိုင်ရာ စာရွက်စာတမ်းများ တင်ပြရန် တောင်းဆိုရာတွင် ယာဉ်မောင်းများက တင်ပြနိုင်ခြင်း မရှိခဲ့ပါ။ 

ဖမ်းဆီးခံရသူများ၏ ကနဦးထွက်ဆိုချက်အရ ၎င်းတို့အား ပို့ဆောင်ရေးကုမ္ပဏီတစ်ခုက ကန်ချနဘူရီမြို့မှတစ်ဆင့် ဘုရားသုံးဆူနယ်စပ်အနီးရှိ ဝယ်ယူသူထံသို့ ပို့ဆောင်ပေးရန် ငှားရမ်းခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။ ရဲတပ်ဖွဲ့က အဆိုပါ ပို့ဆောင်ရေးကုမ္ပဏီ ပိုင်ရှင်များကိုပါ ဆက်လက် စုံစမ်းစစ်ဆေးပြီး ဥပဒေအရ အရေးယူနိုင်ရန် ဆောင်ရွက်နေပါတယ်။

Source;Thai PBS World