ထိုင်းနိုင်ငံတွင် Ebola ကာကွယ်ရေးအတွက် အန္တရာယ်ရှိနိုင်ငံများမှ လာသူများကို ၂၁ ရက် မဖြစ်မနေ Quarantine ဝင်ရန် ကမ္ဘာ့ပထမဆုံး သတ်မှတ်

ထိုင်းနိုင်ငံသည် ကမ္ဘာပေါ်တွင် ပထမဆုံးအကြိမ်အဖြစ် အီဘိုလာဗိုင်းရပ်စ် (Ebola) အန္တရာယ်ရှိသော နိုင်ငံများမှ လာရောက်သည့် ခရီးသွားများကို ၂၁ ရက်ကြာ မဖြစ်မနေ ကွာရန္တင်း (Mandatory Quarantine) ဝင်ရမည့် စည်းမျက်နှာကို မေလ ၂၇ ရက် ညနေ ၆ နာရီမှစတင်၍ ထုတ်ပြန်လိုက်ပြီး ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် တင်းကျပ်လိုက်ပါတယ်။

ဖူးခက်ခရိုင်အုပ်ချုပ်ရေးမှူး နိရတ် ဖွန်စစ်သာဝန်း (Nirat Pongsitthavorn) ၏ အဆိုအရ ဒီမိုကရက်တစ်ကွန်ဂိုသမ္မတနိုင်ငံနှင့် ယူဂန်ဒါနိုင်ငံကဲ့သို့ အီဘိုလာအန္တရာယ်ရှိဇုန်များမှ ဖူးခက်လေဆိပ်သို့ တိုက်ရိုက်ပျံသန်းလာသည့် ခရီးသွား ၁၁ ဦးကို ဖမ်းဆီးစောင့်ကြည့်ခဲ့သည်။ လက်ရှိတွင် ရောဂါလက္ခဏာမပြသေးဘဲ မေလ ၂၈ ရက်မှ ၃၁ ရက်အတွင်း ၎င်းတို့နိုင်ငံများသို့ တဖြည်းဖြည်း ပြန်လည်ထွက်ခွာကြမည်ဖြစ်သည်။

စည်းမျဉ်းသစ်အရ နောက်ပိုင်းတွင် အဆိုပါ အန္တရာယ်ရှိဇုန်များမှလာမည့် ခရီးသွားအားလုံးသည် ဘန်ကောက် သုဝဏ္ဏဘူမိအပြည်ပြည်ဆိုင်ရာလေဆိပ် (Suvarnabhumi Airport) တစ်ခုတည်းမှသာ ဝင်ရောက်ရမည်ဖြစ်ပြီး၊ ရောဂါထိန်းချုပ်ရေးဦးစီးဌာန (DDC) ၏ သီးသန့်ကောင်တာတွင် စစ်ဆေးကာ ဗဟိုအထူးစောင့်ကြည့်ရေးစခန်း၌ ၂၁ ရက်ကြာ အသွားအလာကန့်သတ် စောင့်ကြည့်ခံရမည်ဖြစ်သည်။

ခရီးသွားများအနက် ဖျားနာခြင်း သို့မဟုတ် သံသယဖြစ်ဖွယ် လက္ခဏာပြပါက ဘမ်ရတ်နာရာဒူရာ ကူးစက်ရောဂါဗေဒသိပ္ပံ (Bamrasnaradura Infectious Diseases Institute) သို့ ချက်ချင်းလွှဲပြောင်း ကုသပေးသွားမည်ဖြစ်သည်။

အီဘိုလာသည် ကိုဗစ်-၁၉ သို့မဟုတ် ဝက်သက်ရောဂါကဲ့သို့ လေထဲမှတစ်ဆင့် အလွယ်တကူ မကူးစက်နိုင်ပေ။ ရောဂါပိုးရှိသူ၏ သွေး သို့မဟုတ် ခန္ဓာကိုယ်မှထွက်သော အရည်များ (Bodily fluids) နှင့် တိုက်ရိုက်ထိတွေ့မှသာ ကူးစက်တတ်သဖြင့် အများစုမှာ လူနာကို ပြုစုရသည့် မိသားစုဝင်များနှင့် ကျန်းမာရေးဝန်ထမ်းများတွင် ကူးစက်လေ့ရှိသည်။

အစပိုင်းတွင် သာမန်တုပ်ကွေးကဲ့သို့ ကိုယ်ပူပြင်းခြင်း၊ နုနယ်ပင်ပန်းခြင်း၊ ကိုက်ခဲခြင်း၊ ပျို့အန်ခြင်းတို့ ခံစားရတတ်ပြီး၊ ပြင်းထန်လာပါက ခန္ဓာကိုယ်အတွင်းအပြင်မှ ပုံမှန်မဟုတ်ဘဲ သွေးယိုစီးခြင်းများ ဖြစ်ပွားတတ်သည်။

အချိန်မီ စနစ်တကျ မကုသပါက သေဆုံးမှုနှုန်း (Mortality Rate) အလွန်မြင့်မားသည့် ရောဂါဆိုးတစ်ခု ဖြစ်သည်။

Source;Thaiger