မြန်မာစစ်ဘေးရှောင်များ ထိုင်းခရိုင် ၄၃ ခုတွင် တရားဝင်ထွက်လုပ်ကိုင်နိုင်မည့် အစီအစဉ်ကို DOPA ထုတ်ပြန်

ထိုင်းနိုင်ငံ ပြည်နယ်အုပ်ချုပ်ရေးဦးစီးဌာန (DOPA) က ယာယီခိုလှုံရာစခန်း (Shelters) များရှိ မြန်မာစစ်ဘေးရှောင်များအား စခန်းပြင်ပသို့ တရားဝင်ထွက်၍ အလုပ်လုပ်ကိုင်ခွင့်ပြုမည့် စီမံခန့်ခွဲမှုမူဝါဒကို ရှင်းလင်းထုတ်ပြန်လိုက်ပါတယ်။

အမေရိကန်က စစ်ဘေးရှောင်စခန်းများအတွက် ရန်ပုံငွေ ဖြတ်တောက်လိုက်သဖြင့် စားနပ်ရိက္ခာနှင့် ဆေးဝါးစရိတ် ဝန်ထုပ်ဝန်ပိုးကို ထိုင်းအစိုးရတစ်ဦးတည်း တာဝန်ယူရမည့် အခြေအနေ ဖြစ်လာသည်။

ထို့ကြောင့် ထိုင်းအစိုးရက စရိတ်ဝန်ထုပ်ဝန်ပိုး လျှော့ချရန်နှင့် လုပ်သားရှားပါးမှု ဖြေရှင်းရန်အတွက် စစ်ဘေးရှောင်များ စခန်းပြင်ပထွက် အလုပ်လုပ်ခွင့်ကို အထူးကိစ္စရပ်အဖြစ် ဝန်ကြီးအဖွဲ့ (Cabinet) က အတည်ပြုပေးခဲ့ခြင်း ဖြစ်သည်။

စစ်ဘေးရှောင်များသည် တရားဝင်မှတ်ပုံတင်ထားသည့် အလုပ်ရှင်များထံတွင်သာ လုပ်ကိုင်ရမည်ဖြစ်ပြီး သတ်မှတ်ဒေသ ၃ ခု၊ ခရိုင် ၄၃ ခု အတွင်း၌သာ သွားရောက်လုပ်ကိုင်ခွင့်ရှိမည်-

ဆောက်လုပ်ရေး၊ စိုက်ပျိုးရေး၊ အထည်ချုပ် စသည့် ကျွမ်းကျင်/တစ်ပိုင်းကျွမ်းကျင်လုပ်ငန်းများအပြင်၊ MOU စနစ်အောက်ရှိ သာမန်ကာယလုပ်သား (Labour) နှင့် ဆိုင်ရှေ့အရောင်းဝန်ထမ်း လုပ်ငန်းများ ပါဝင်သည်။

မြောက်ပိုင်း ၁၇ ခရိုင် (ချင်းမိုင်၊ ချင်းရိုင်း၊ မဲဟောင်ဆောင်၊ တာ့ခ် စသည်)၊ အလယ်ပိုင်း ၁၈ ခရိုင် (ဘန်ကောက်၊ ကန်ချနဘူရီ၊ ပထုံထာနီ၊ ဆာမွတ်စခွန် စသည်) နှင့် အရှေ့ပိုင်း ၈ ခရိုင် (ချွန်ဘူရီ၊ ရယောင်း၊ စระကဲအို စသည်) တို့ ဖြစ်သည်။

Source;The Nation