လူတော်တော်များများဟာ ဗိုက်နာ၊ ဝမ်းလျှောရင် သာမန်အစာမကြေတာ ဒါမှမဟုတ် အစာအဆိပ်သင့်တာလောက်ပဲ ထင်တတ်ကြပါတယ်။ ဒါပေမဲ့ အကြောင်းရင်းမရှိဘဲ ဝိတ်ကျလာတာ၊ ဗိုက်ရစ်ပြီး ဝမ်းခဏခဏ လျှောနေတာဟာ ခံတွင်းကနေ စအိုအထိ အစာခြေလမ်းကြောင်းရဲ့ ဘယ်နေရာမှာမဆို ရောင်ရမ်းမှုဖြစ်စေနိုင်တဲ့ နာတာရှည် Crohn’s ရောဂါ ရဲ့ ရှေ့ပြေးလက္ခဏာတွေ ဖြစ်နေနိုင်ပါတယ်။ ⚠️
🔍 သတိထားရမည့် Crohn’s ရောဂါ၏ လက္ခဏာများ
🤢 အစာခြေစနစ် ပြဿနာ: မကြာခဏ ဝမ်းလျှောခြင်း၊ ဗိုက်နာခြင်းနှင့် ဗိုက်ရစ်ပြီး ကိုက်ခဲခြင်း။
🩸 ဝမ်းထဲသွေးပါခြင်း: အူလမ်းကြောင်းရောင်ရမ်းမှုကြောင့် ဝမ်းသွားလျှင် သွေးစ၊ သွေးနများ ပါလာခြင်း။
📉 ဝိတ်ကျခြင်းနှင့် မောပန်းခြင်း: အစာစားချင်စိတ် လုံးဝမရှိတော့ဘဲ ကိုယ်အလေးချိန် ထိုးကျလာခြင်း၊ အမြဲ နုံးခွေမောပန်းနေခြင်း။
🌡 အခြားလက္ခဏာများ: အကြောင်းရင်းမရှိဘဲ ဖျားခြင်း၊ ခံတွင်းအနာ (အပူနာ) ခဏခဏဖြစ်ခြင်းနှင့် အဆစ်အမြစ်များ ရောင်ရမ်းကိုက်ခဲခြင်း။
🔥 ရောဂါလက္ခဏာများကို ပိုမိုဆိုးရွားစေသည့် အချက်များ (အထူးရှောင်ရန်!)
အကယ်၍ သင့်မှာ ဒီဝေဒနာရှိနေရင် အောက်ပါအချက်တွေက ရောင်ရမ်းမှုကို ပိုမို ပြင်းထန်လာစေပါတယ် –
▪️အဆီများလွန်းသော အစားအစာများ သို့မဟုတ် အစပ်လွန်ကဲသော အစားအစာများ စားသုံးခြင်း။
▪️စိတ်ဖိစီးမှု (Stress) များခြင်း။
▪️ဆေးလိပ်သောက်ခြင်း။
▪️အကိုက်အခဲပျောက်ဆေးအချို့ (NSAIDs) ကို ဆရာဝန်ညွှန်ကြားချက်မပါဘဲ သောက်သုံးခြင်း။
🩺 ရောဂါရှာဖွေခြင်းနှင့် ခေတ်မီကုသမှု
လက်ရှိ ဆေးပညာအရ Crohn’s ရောဂါကို အမြစ်ပြတ်ပျောက်ကင်းအောင် ကုသနိုင်တဲ့ ဆေးမတွေ့သေးသော်လည်း ပူပန်စရာမလိုပါဘူး။
▪️ထိန်းချုပ်ကုသခြင်း: မှန်ကန်သော ရောဂါရှာဖွေမှု၊ အူလမ်းကြောင်းရောင်ရမ်းမှုကျစေမည့် ဆေးဝါးများ၊ စနစ်တကျ နေထိုင်စားသောက်မှုပုံစံ ပြောင်းလဲခြင်းတို့ဖြင့် ရောဂါလက္ခဏာတွေကို ၉၀% ကျော် ကောင်းစွာ ထိန်းချုပ်ထားနိုင်ပါတယ်။
▪️ခွဲစိတ်ကုသခြင်း: အကယ်၍ အူလမ်းကြောင်း ပိတ်ဆို့ခြင်း သို့မဟုတ် ပြင်းထန်စွာ ပျက်စီးခြင်းမျိုး ရှိလာပါကလည်း ခေတ်မီခွဲစိတ်ကုသမှုများဖြင့် အချိန်မီ ကုသပေးနိုင်တာကြောင့် ပုံမှန်အတိုင်း သက်တမ်းစေ့ ကျန်းမာစွာ နေထိုင်သွားနိုင်မှာ ဖြစ်ပါတယ်။
💡 ကျန်းမာရေးသဝဏ်လွှာ
ဝမ်းပျက်ဝမ်းလျှောဝေဒနာကို သာမန်ပဲဆိုပြီး ဒီတိုင်းပစ်မထားပါနဲ့။ လူနေမှုဘဝ အရည်အသွေးကို ထိခိုက်မခံဘဲ ပုံမှန်မဟုတ်တဲ့ လက္ခဏာတွေ့တာနဲ့ အစာအိမ်နှင့် အူလမ်းကြောင်း အထူးကုဆရာဝန်ကြီးများ နဲ့ ချက်ချင်း တိုင်ပင်ဆွေးနွေး စစ်ဆေးကြည့်ဖို့ တိုက်တွန်းလိုက်ရပါတယ်။
အစာအိမ်နဲ့ အူလမ်းကြောင်း မကောင်းဘဲ ဗိုက်ခဏခဏနာတတ်တဲ့ သူငယ်ချင်းတွေ ရှိရင် သိရအောင် ဒီ Post လေးကို Shareပြီး သတိပေးလိုက်ပါဦးနော် ❤️
အခုလို ဝေဒနာနဲ့ ပတ်သက်ပြီး ကျန်းမာရေးဆိုင်ရာ သိကောင်းစရာတွေကို ထပ်မံမေးမြန်းလိုရင်ဖြစ်စေ၊ 𝐕𝐞𝐣𝐭𝐡𝐚𝐧𝐢 𝐇𝐨𝐬𝐩𝐢𝐭𝐚𝐥 နဲ့ချိတ်ဆက်လိုလျှင်ဖြစ်စေ၊ ထိုင်းနိုင်ငံရှိ ထိပ်တန်းဆေးရုံကြီးများရဲ့ ကုသမှုစရိတ်နဲ့ ဆေးရုံသတင်းအချက်အလက်တွေကို စုံစမ်းလိုရင်ဖြစ်စေ 𝐏𝐚𝐠𝐞 𝐌𝐞𝐬𝐬𝐞𝐧𝐠𝐞𝐫 ကနေတစ်ဆင့် အချိန်မရွေး ဆက်သွယ်စုံစမ်းနိုင်ပါတယ်။
ဆက်သွယ်ရန်:
𝐅𝐚𝐜𝐞𝐛𝐨𝐨𝐤: 𝐏𝐚𝐠𝐞 𝐌𝐞𝐬𝐬𝐞𝐧𝐠𝐞𝐫
𝐕𝐢𝐛𝐞𝐫: +𝟗𝟓 𝟗𝟖𝟖 𝟕𝟕𝟖 𝟑𝟔𝟕𝟕
𝐓𝐞𝐥𝐞𝐠𝐫𝐚𝐦: +𝟔𝟔 𝟔 𝟓𝟔𝟓 𝟗𝟓𝟖𝟓𝟏
Source;𝐕𝐞𝐣𝐭𝐡𝐚𝐧𝐢 𝐇𝐨𝐬𝐩𝐢𝐭𝐚𝐥
ဗိုက်ခဏခဏနာပြီး ဝမ်းလျှောနေပါသလား? အမြစ်ပြတ်မပျောက်ကင်းနိုင်သေးတဲ့ နာတာရှည် “Crohn’s ရောဂါ” အကြောင်း သတိပြုစရာများ
