ဒေါ်လာဈေးမာလာမှုနှင့် အတိုးနှုန်းတိုးမည့် အလားအလာများကြောင့် ကမ္ဘာ့ရွှေဈေး $၄,၁၀၀ အောက်သို့ ထိုးဆင်း

ယနေ့ (၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၄ ရက်၊ ဗုဒ္ဓဟူးနေ့) နံနက်ပိုင်း အာရှဈေးကွက်ဖွင့်ချိန်တွင် ကမ္ဘာ့ရွှေဈေးနှုန်းများ ဆက်လက်ကျဆင်းခဲ့ပြီး တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၄,၁၀၀ အောက် သို့ ရောက်ရှိသွားပါသည်။ အမေရိကန်ဗဟိုဘဏ် (Fed) ၏ အတိုးနှုန်းမြှင့်တင်မည့် အလားအလာနှင့် ဒေါ်လာတန်ဖိုး တက်လာမှုတို့က ရွှေဈေးကွက်အပေါ် အဓိက ဖိအားပေးနေခြင်း ဖြစ်ပါတယ်။

စပေါ့ရွှေဈေး ဗုဒ္ဓဟူးနေ့ နံနက်ပိုင်းတွင် ၀.၈% ထပ်မံကျဆင်းကာ $၄,၀၈၃.၇၇ သို့ ရောက်ရှိခဲ့သည်။ ယမန်နေ့ (အင်္ဂါနေ့) ကလည်း ၁.၇% အထိ အပြင်းအထန် ကျဆင်းခဲ့ပြီးနောက် နှစ်ပတ်အတွင်း အနိမ့်ဆုံးအဆင့်သို့ ရောက်ရှိသွားခြင်းဖြစ်သည်။

ဩဂုတ်လအတွက် ရွှေကြိုပွိုင့်ဈေး  အင်္ဂါနေ့ ဈေးပိတ်ချိန်တွင် ၁.၃% ကျဆင်းပြီး $၄,၁၄၉.၄၀ဖြင့် ဈေးပိတ်ခဲ့သည်။

အခြားအဖိုးတန်သတ္တုများပါ လိုက်ကျ စပေါ့ငွေဈေး (Silver) သည် ဗုဒ္ဓဟူးနေ့နံနက်တွင် ၁.၁% ထပ်ကျပြီး $၆၀.၈၆သို့ ရောက်ရှိခဲ့ကာ ပလက်တီနမ် (Platinum) နှင့် ပယ်လေဒီယမ် (Palladium) ဈေးနှုန်းများလည်း လိုက်ပါကျဆင်းနေသည်။

၁။ Fed ဥက္ကဋ္ဌသစ်ကြောင့် ဒေါ်လာဈေး အပြင်းအထန်မာလာခြင်း

Fed ဥက္ကဋ္ဌသစ် ကီဗင်ဝါရှ် (Kevin Warsh) ၏ ငွေကြေးဖောင်းပွမှုကို တင်းကျပ်စွာ နှိမ်နင်းမည့် အရိပ်အမြွက် ပြောကြားချက်များကြောင့် ဒီဇင်ဘာလတွင် အမေရိကန်က အတိုးနှုန်း ထပ်မံမြှင့်တင်ရန် ၈၆% အထိ ရေပန်းစားလာသည်။ အတိုးနှုန်းတက်ပါက အတိုးမရသည့် ရွှေကို ကိုင်ဆောင်ထားခြင်းထက် အခြားအကျိုးအမြတ်ရမည့် ပိုင်ဆိုင်မှုများဘက်သို့ ရင်းနှီးမြှုပ်နှံသူများ ပြောင်းလဲသွားကြသဖြင့် ရွှေဝယ်လိုအား ကျဆင်းသွားခြင်းဖြစ်သည်။

၂။ အမေရိကန်-အီရန် ငြိမ်းချမ်းရေးတိုးတက်မှုနှင့် ရေနံဈေးကျခြင်း

အမေရိကန်နှင့် အီရန်အကြား ငြိမ်းချမ်းရေးဆွေးနွေးမှု တိုးတက်လာပြီးနောက် အမေရိကန်က အီရန်အပေါ် ရေနံပိတ်ဆို့မှုများကို ရက်ပေါင်း ၆၀ ယာယီဆိုင်းငံ့ပေးခဲ့သည်။ ထို့ကြောင့် ကမ္ဘာ့ရေနံစိမ်း (Brent crude) ဈေးနှုန်းများ ၁% ကျော် ကျဆင်းသွားသော်လည်း ဒေါ်လာဈေး အဆမတန်မာနေသည့် ဖိအားကို မကျော်လွှားနိုင်ခဲ့ပေ။

၃။ နည်းပညာစတော့ရှယ်ယာများ ပြိုလဲမှုကြောင့် ရွှေကိုထုတ်ရောင်းခြင်း

အမေရိကန် နည်းပညာစတော့ရှယ်ယာများ (Tech Stocks) အကြီးအကျယ် ကျဆင်းသွားသဖြင့် ရင်းနှီးမြှုပ်နှံသူအချို့သည် ၎င်းတို့၏ ရှယ်ယာအရှုံးပေါ်မှုကို ကာမိစေရန်နှင့် လက်ငင်းငွေသား (Cash) အရေးပေါ်ရရှိရန်အတွက် ရွှေများကို ထုတ်ရောင်းပြီး ငွေဖော်ခဲ့ကြသည်။

Source;The Nation