ထိုင်းနိုင်ငံ ရွေးကောက်ပွဲကော်မရှင် (EC) က ဘန်ကောက်မြို့နှင့် ပတ္တရားမြို့တို့တွင် ကျင်းပမည့် ဒေသန္တရရွေးကောက်ပွဲများမတိုင်မီနှင့် ရွေးကောက်ပွဲကျင်းပနေစဉ်အတွင်း အရက်သေစာနှင့် ယစ်မျိုးသောက်စရာများ ရောင်းချခြင်း၊ ဖြန့်ဖြူးခြင်းကို လုံးဝမပြုလုပ်ရန် တရားဝင် ပိတ်ပင်တားမြစ်ချက် ထုတ်ပြန်လိုက်ပါတယ်။
အရက်သေစာ ရောင်းချမှု ပိတ်ပင်ကန့်သတ်ချက်သည် အောက်ပါအတိုင်း အာဏာတည်မည် ဖြစ်သည်။
-စတင်မည့်အချိန်: ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၇ ရက် (စနေနေ့) ညနေ ၆:၀၀ နာရီမှ
-ပြီးဆုံးမည့်အချိန်: ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် (တနင်္ဂနွေနေ့) ညနေ ၆:၀၀ နာရီအထိ ဖြစ်သည်။
ဤပိတ်ပင်မှုသည် ဘန်ကောက်မြို့တော်ဝန်နှင့် မြို့တော်ကောင်စီဝင် ရွေးကောက်ပွဲများ၊ ပတ္တရားမြို့တော်ဝန်နှင့် ပတ္တရားမြို့ကောင်စီဝင် ရွေးကောက်ပွဲများအတွက် မဲပေးရန် ပြင်ဆင်နေသည့် ကာလအတွင်း အေးချမ်းတည်ငြိမ်စေရန် သတ်မှတ်ခြင်း ဖြစ်သည်။
အကယ်၍ အဆိုပါ အရက်ပိတ်ပင်ထားသည့် အချိန်အတွင်း တရားမဝင် ရောင်းချခြင်း သို့မဟုတ် ဖြန့်ဖြူးခြင်း ပြုလုပ်သည်ကို စစ်ဆေးတွေ့ရှိပါက ပြင်းထန်စွာ အရေးယူခံရမည် ဖြစ်သည်။
-ထောင်ဒဏ်: ၆ လအထိ ကျခံရနိုင်ခြင်း (သို့မဟုတ်)
-ဒဏ်ငွေ: ၁၀,၀၀၀ ဘတ်အထိ ချမှတ်ခံရနိုင်ခြင်း (သို့မဟုတ်) ပြစ်ဒဏ်နှစ်ရပ်လုံး ချမှတ်ခံရနိုင်သည်။
ဘန်ကောက်နှင့် ပတ္တရားမြို့ရှိ မဲပေးပိုင်ခွင့်ရှိသူ ပြည်သူများသည် ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် (တနင်္ဂနွေနေ့) နံနက် ၈:၀၀ နာရီမှ ညနေ ၅:၀၀ နာရီအတွင်း သတ်မှတ်ထားသည့် မဲရုံများတွင် သွားရောက်မဲပေးကြရမည် ဖြစ်သည်။
ထို့ကြောင့် အဆိုပါရက်ပိုင်းအတွင်း ဘန်ကောက်နှင့် ပတ္တရားသို့ သွားရောက်မည့် ခရီးသွားများနှင့် ပြည်တွင်းမှ Creator များအနေဖြင့် အရက်သေစာဝယ်ယူခြင်းနှင့် သောက်စားခြင်းတို့ကို အထူးသတိပြု ရှောင်ကြဉ်ကြရန် တိုက်တွန်းထားပါတယ်။
Source;Khaosod
