ထိုင်းနိုင်ငံ ဒေသန္တရအုပ်ချုပ်ရေးဦးစီးဌာနသည် ပြီးခဲ့သည့်နှစ်ကုန်ပိုင်းက ကျင်းပခဲ့သည့် ဝန်ထမ်းစာမေးပွဲတွင် ဘတ်ဘီလီယံနှင့်ချီသော လာဘ်ပေးလာဘ်ယူမှုများနှင့် စာမေးပွဲမသမာမှုများ ပေါ်ပေါက်ခဲ့ပြီးနောက် ဖြေဆိုသူ ၄၈၀,၀၀၀ စလုံး၏ အဖြေလွှာများကို အစစအရာရာ ပြန်လည်စစ်ဆေးရန် စီစဉ်နေပါတယ်။
နိုင်ငံ့ဝန်ထမ်းအဖြစ် အလုပ်ရရှိစေရန်အတွက် အစိုးရဝန်ထမ်းအချို့အပါအဝင် တရားခံ ၁၀ ဦးခန့်က ဖြေဆိုသူများထံမှ တစ်ဦးလျှင် ဘတ် ၃၅၀,၀၀၀ မှ ၈၀၀,၀၀၀ အထိ လာဘ်ငွေယူကာ အဖြေလွှာ ၃,၀၀၀ ခန့်ကို လိုက်လံပြုပြင်ပေးနေစဉ် လက်ရဖမ်းဆီးမိခဲ့ခြင်း ဖြစ်သည်။
ဤစာမေးပွဲခိုးမှုကွန်ရက်တစ်ခုလုံး၏ စုစုပေါင်းလာဘ်ငွေတန်ဖိုးမှာ ဘတ် ၄.၅ ဘီလီယံ (ဘီလီယံ ၄,၅၀၀) ခန့်အထိ ရှိနိုင်ကြောင်း ခန့်မှန်းထားသည်။
သက်ဆိုင်ရာဌာနအနေဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် (NACC) ထံမှ အဖြေလွှာများအားလုံးကို ပြန်လည်ထုတ်ယူပြီး သတင်းထောက်များ၏ ရှေ့မှောက်တွင် နည်းပညာအသုံးပြုကာ ပွင့်လင်းမြင်သာစွာ တကျော့ပြန် စစ်ဆေးသွားမည်ဖြစ်သည်။
စာမေးပွဲအောင်မြင်ထားပြီးဖြစ်သည့် ရိုးသားသော ဖြေဆိုသူများ နစ်နာမှုမရှိစေရန် ဝန်ထမ်းခန့်အပ်မှုများကို ဆက်လုပ်သွားမည်ဖြစ်သော်လည်း၊ ပြန်စစ်ချိန်တွင် ခိုးထားကြောင်း သက်သေပေါ်ပေါက်လာသူများကိုမူ ဝန်ထမ်းအဖြစ်မှ ပြန်လည်ထုတ်ပယ်သွားမည် ဖြစ်သည်။
Source;Bangkok Post
#Mingalarnews #ThailandExamScandal2026 #ထိုင်းသတင်း #Thainews #ထိုင်းရောက်မြန်မာ
