ဇွန် ၂၈ ရက်ကနေ ဇူလိုင် ၃ ရက်အထိ ကပ္ပလီပင်လယ်၊ ထိုင်းနိုင်ငံနဲ့ ထိုင်းပင်လယ်ကွေ့တို့မှာ အနောက်တောင်မုတ်သုံလေ အားကောင်းစွာ ဆက်လက်တိုက်ခတ်နေဦးမှာ ဖြစ်ပါတယ်။ အထူးသဖြင့် ဇွန် ၂၉ ရက်နောက်ပိုင်း မှာ မုတ်သုံလေအရှိန် ပိုမိုမြင့်တက်လာမှာဖြစ်လို့ အရှေ့ပိုင်းနဲ့ တောင်ပိုင်းအနောက်ဘက်ကမ်းရိုးတန်းတို့မှာ မိုးသည်းထန်စွာရွာသွန်းပြီး နေရာကွက်၍ အလွန်မိုးကြီးနိုင် တဲ့အတွက် အထူးသတိပြုကြဖို့ လိုအပ်ပါတယ်။
🌧️ ခြုံငုံသုံးသပ်ချက်
▫️မိုးသည်းထန်စွာရွာသွန်းခြင်း: တစ်နိုင်ငံလုံးတွင် နေရာကျဲကျဲမှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး နေရာကွက်၍ မိုးကြီးနိုင်ပါတယ်။ အထူးသဖြင့် အရှေ့ပိုင်းနှင့် တောင်ပိုင်း (အနောက်ဘက်ကမ်းရိုးတန်း) တို့တွင် နေရာကွက်၍ အလွန်မိုးကြီးနိုင်သည့် ရက်များ ရှိပါသည်။
▫️ပင်လယ်ပြင်အခြေအနေ: ဇွန် ၂၉ ရက်မှစတင်၍ မုတ်သုံလေအရှိန်ကြောင့် ကပ္ပလီပင်လယ်အထက်ပိုင်း (Phuket မြောက်ပိုင်း) တွင် လှိုင်းအမြင့် ၂ – ٣ မီတာ အထိ မြင့်တက်လာနိုင်ပြီး မိုးထစ်ချုန်းရွာစဉ်အတွင်း ၃ မီတာထက်မက မြင့်တက်နိုင်ပါတယ်။
📍 ဒေသအလိုက် ခန့်မှန်းချက်များ
၁။ မြောက်ပိုင်းဒေသ (Northern Region)
▫️ဇွန် ၂၈ – ဇူလိုင် ၃ ရက်: နေရာကျဲကျဲမှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာသွန်းမှာဖြစ်ပြီး နေရာကွက်၍ မိုးကြီးနိုင်ပါတယ်။
💨 လေတိုက်နှုန်း: အနောက်တောင်ဘက်မှ တစ်နာရီလျှင် ၁၀ – ၂၀ ကီလိုမီတာ။
🌡️ အပူချိန်: အနိမ့်ဆုံး ၂၃ – ၂၇°C၊ အမြင့်ဆုံး ၃၂ – ၃၇°C။
၂။ အရှေ့မြောက်ပိုင်းဒေသ (Northeastern Region)
▫️ဇွန် ၂၈ – ဇူလိုင် ၃ ရက်: တစ်ပတ်တာလုံး နေရာကျဲကျဲမှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး နေရာကွက်၍ မိုးကြီးနိုင်မယ့် အခြေအနေရှိပါတယ်။
💨 လေတိုက်နှုန်း: အနောက်တောင်ဘက်မှ တစ်နာရီလျှင် ၁၀ – ၂၀ ကီလိုမီတာ။
🌡️ အပူချိန်: အနိမ့်ဆုံး ၂၃ – ၂၇°C၊ အမြင့်ဆုံး ၃၃ – ၃၈°C။
၃။ အလယ်ပိုင်းဒေသ (Central Region)
▫️ဇွန် ၂၈ – ဇူလိုင် ၃ ရက်: နေရာကျဲကျဲမှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာနိုင်ပြီး အဓိကအားဖြင့် အနောက်ဘက်ခြမ်းဒေသများတွင် နေရာကွက်၍ မိုးကြီးနိုင်ပါတယ်။
💨 လေတိုက်နှုန်း: အနောက်တောင်ဘက်မှ တစ်နာရီလျှင် ၁၀ – ၂၅ ကီလိုမီတာ။
🌡️ အပူချိန်: အနိမ့်ဆုံး ၂၃ – ၂၇°C၊ အမြင့်ဆုံး ၃၃ – ၃၈°C။
၄။ အရှေ့ပိုင်းဒေသ (Eastern Region)
▫️တစ်ပတ်တာလုံး နေရာကျဲကျဲမှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာသွန်းပြီး နေရာကွက်၍ မိုးကြီးနိုင်ပါတယ်။
💥 အထူးသတိပြုရန်: ဇွန် ၂၈ မှ ဇူလိုင် ၃ ရက်အတွင်း နေရာကွက်၍ အလွန်မိုးကြီးနိုင် ပါသည်။
🌊 ဇွန် ၂၇ – ၂၈ ရက်: အနောက်တောင်လေ တစ်နာရီ ၁၅ – ၃၅ ကီလိုမီတာ။ လှိုင်းအမြင့် ၁ – ၂ မီတာ (မိုးခြိမ်းရွာစဉ် ၂ မီတာထက်ကျော်လွန်)။
🌊 ဇွန် ၂၉ – ဇူလိုင် ၃ ရက်: အနောက်တောင်လေ တစ်နာရီ ၂၀ – ၃၅ ကီလိုမီတာ။ လှိုင်းအမြင့် ၂ မီတာခန့် (မိုးခြိမ်းရွာစဉ် ၂ မီတာထက်ကျော်လွန်)။
🌡️ အပူချိန်: အနိမ့်ဆုံး ၂၃ – ၂၈°C၊ အမြင့်ဆုံး ၃၂ – ၃၇°C။
၅။ တောင်ပိုင်းဒေသ – အရှေ့ဘက်ကမ်းရိုးတန်း (Southern – East Coast)
▫️ဇွန် ၂၈ ရက်: နေရာကျဲကျဲ မိုးထစ်ချုန်းရွာပြီး နေရာကွက်၍ မိုးကြီးနိုင်ပါတယ်။ လှိုင်းအမြင့် ၁ မီတာခန့် (ကမ်းလွန်တွင် ၁ – ၂ မီတာ၊ မိုးခြိမ်းရွာစဉ် ၂ မီတာထက်ကျော်လွန်)။
▫️ဇွန် ၂၉ – ဇူလိုင် ၃ ရက်: မိုးပိုစိပ်လာပြီး နေရာကျဲကျဲမှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာကာ နေရာကွက်၍ မိုးကြီးနိုင်ပါတယ်။ လှိုင်းအမြင့် ၁ – ၂ မီတာ (ကမ်းလွန်တွင် ၂ မီတာခန့်၊ မိုးခြိမ်းရွာစဉ် ၂ မီတာထက်ကျော်လွန်)။
🌡️ အပူချိန်: အနိမ့်ဆုံး ၂၃ – ၂၇°C၊ အမြင့်ဆုံး ၃၂ – ၃၆°C။
၆။ တောင်ပိုင်းဒေသ – အနောက်ဘက်ကမ်းရိုးတန်း (Southern – West Coast)
▫️တစ်ပတ်တာလုံး နေရာကျဲကျဲမှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး နေရာကွက်၍ မိုးကြီးနိုင်ပါတယ်။
💥 အထူးသတိပြုရန်: ဇွန် ၂၈ မှ ဇူလိုင် ၂ ရက်အတွင်း နေရာကွက်၍ အလွန်မိုးကြီးနိုင် ပါသည်။
🌊 ဇွန် ၂၇ – ၂၈ ရက်: Phangnga မြောက်ပိုင်း: လှိုင်းအမြင့် ၂ မီတာခန့်။ Phuket တောင်ပိုင်း: လှိုင်းအမြင့် ၁ – ၂ မီတာ (မိုးခြိမ်းရွာစဉ် ၂ မီတာထက်ကျော်လွန်)။
🌊 ဇွန် ၂၉ – ဇူလိုင် ၃ ရက်: Phuket မြောက်ပိုင်း: အနောက်တောင်လေ တစ်နာရီ ၂၀ – ၄၀ ကီလိုမီတာ။ လှိုင်းအမြင့် ၂ – ၃ မီတာ (မိုးခြိမ်းရွာစဉ် ၃ မီတာထက်ကျော်လွန်)။ Krabi တောင်ပိုင်း: လှိုင်းအမြင့် ၂ မီတာခန့် (မိုးခြိမ်းရွာစဉ် ၂ မီတာထက်ကျော်လွန်)။
🌡️ အပူချိန်: အနိမ့်ဆုံး ၂၃ – ၂၇°C၊ အမြင့်ဆုံး ၃၀ – ၃၅°C။
၇။ ဘန်ကောက်နှင့် မဟာနဂရဒေသ (Bangkok Metropolitan)
▫️ဇွန် ၂၈ – ဇူလိုင် ၃ ရက်: တစ်ပတ်တာလုံး နေရာကျဲကျဲမှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာသွန်းပြီး နေရာကွက်၍ မိုးကြီးနိုင်တဲ့ အခြေအနေရှိပါတယ်။
💨 လေတိုက်နှုန်း: အနောက်တောင်ဘက်မှ တစ်နာရီလျှင် ၁၀ – ၂၅ ကီလိုမီတာ။
🌡️ အပူချိန်: အနိမ့်ဆုံး ၂၅ – ၂၈°C၊ အမြင့်ဆုံး ၃၃ – ၃ ၇°C။
⚠️ အထူးသတိပေးချက် (Caution)
၁။ လျှပ်တစ်ပြက်ရေကြီးခြင်းဘေး: ဇွန်လကုန်နှင့် ဇူလိုင်လဆန်းအတွင်း တစ်နိုင်ငံလုံးတွင် မိုးသည်းထန်စွာရွာသွန်းခြင်းနှင့် မိုးရေချိန်စုဆောင်းလာမှုကြောင့် တောင်ခြေအနီးရှိ ရေလမ်းကြောင်းများနှင့် မြေနိမ့်ပိုင်းဒေသများတွင် လျှပ်တစ်ပြက်ရေကြီးခြင်းနှင့် ရေလျှံခြင်းများ ဖြစ်ပေါ်နိုင်သဖြင့် မိဘပြည်သူများ အထူးသတိပြု နေထိုင်ကြပါရန်။
၂။ ရေကြောင်းသတိပေးချက်:ပင်လယ်ကွေ့နှင့် ကပ္ပလီပင်လယ်အတွင်းရှိ ရေယာဉ်များအားလုံး တစ်ပတ်တာလုံး မိုးသက်လေပြင်းကျရာဇုန်များကို ရှောင်ရှားပြီး သတိပြုခုတ်မောင်းကြရန်နှင့် ဇွန် ၂၉ ရက်နောက်ပိုင်း ပင်လယ်ပြင်ခရီးသွားလာမှုများကို ပိုမိုဂရုစိုက်ကြရန် နှိုးဆော်အပ်ပါသည်။
#Mingalarnews #မိုးလေဝသ #WeatherUpdate #BangkokWeather #WeatherForecast
