ထိုင်းနိုင်ငံအရှေ့မြောက်ပိုင်း၊ မုဒ္ဒဟာ (Mukdahan) ပြည်နယ်တွင် ဇူလိုင်လ ၂ ရက် (ယနေ့) မွန်းလွဲပိုင်းက ၁၁ နှစ်အရွယ် ယောကျာ်းလေးတစ်ဦး ခိုးမောင်းလာသည့် ပစ်ကပ်ကားတစ်စီးသည် လမ်းဘေးတွင် ခြေလျင်ဒေသစာရီကြွချီနေသော သံဃာတော်များကို အရှိန်မထိန်းနိုင်ဘဲ ဝင်ရောက်တိုက်မိခဲ့ရာ သံဃာတော် ၈ ပါး ပျံလွန်တော်မူပြီး ၁၃ ပါး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ပါတယ်။
မုဒ္ဒဟာမြို့နယ်၊ နာစီနွမ်းကျေးရွာအုပ်စုရှိ လမ်းမကြီးပေါ်တွင် သံဃာတော် ၃၄ ပါးအဖွဲ့ ဥဘွန်ရတ်ချာသနီပြည်နယ်သို့ ခြေလျင်ကြွချီနေစဉ်၊ အသက် ၁၁ နှစ်သားကလေးငယ်တစ်ဦးက မိဘများ၏ Isuzu ပစ်ကပ်ကားကို ခွင့်ပြုချက်မရှိဘဲ ခိုးမောင်းလာပြီး အရှိန်မထိန်းနိုင်ဘဲ သံဃာတန်းထဲသို့ ဘေးတိုက်လျှောဝင်တိုက်မိခဲ့ခြင်းဖြစ်သည်။
ကနဦးတွင် သံဃာ ၅ ပါး နေရာ၌ပင် ပျံလွန်တော်မူခဲ့ပြီး ဆေးရုံတွင် ထပ်မံပျံလွန်တော်မူခဲ့သဖြင့် စုစုပေါင်း ပျံလွန်တော်မူသည့် သံဃာ ၈ ပါး ရှိလာကာ၊ ကျန် ၁၃ ပါးမှာ မုဒ္ဒဟာဆေးရုံကြီးတွင် အရေးပေါ်ကုသမှု ခံယူနေရသည်။လက်ရှိတွင် မုဒ္ဒဟာမြို့မရဲစခန်းက တရားခံကလေးငယ်ကို ထိန်းသိမ်းထားပြီး မိဘများကိုခေါ်ယူကာ ဥပဒေအတိုင်း ဆက်လက်စုံစမ်းစစ်ဆေးနေပါတယ်။
Source;Thaiger
#Mingalarnews #MukdahanAccident2026 #MonksHitByTruck #ThailandN
