အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) သည် ပြီးခဲ့သည့်နှစ်အတွင်း ၎င်း၏မိသားစုပိုင် ခရစ်ပတိုလုပ်ငန်းများမှ အမေရိကန်ဒေါ်လာ ၁.၄ ဘီလီယံကျော် ဝင်ငွေရရှိခဲ့ကြောင်း ဘဏ္ဍာရေးဆိုင်ရာ ထုတ်ပြန်ချက်တွင် ဖော်ပြထားရာ၊ ၎င်း၏ သမ္မတရာထူးနှင့် မိသားစုစီးပွားရေးအကြား အကျိုးစီးပွားချင်း ရောထွေးနေမှုအပေါ် ဝေဖန်မှုများ ပြင်းထန်လာပါတယ်။
သားဖြစ်သူများနှင့် ပူးတွဲတည်ထောင်ထားသည့် World Liberty Financial ခရစ်ပတိုကုမ္ပဏီမှ တိုကင်နှင့် ရှယ်ယာရောင်းချရမှုအပါအဝင် ဒေါ်လာ သန်း ၈၀၀ နီးပါး ရရှိခဲ့သည်။ ထို့ပြင် ထရမ့်အမည်သုံးထားသည့် Meme Coins များ ရောင်းချရမှုမှ ဒေါ်လာ ၆၃၅ သန်း ဝင်ငွေရရှိခဲ့သည်။
ယခုအခါ ခရစ်ပတိုလုပ်ငန်းသည် ထရမ့်၏ ရိုးရာအိမ်ခြံမြေနှင့် ဟိုတယ်လုပ်ငန်းများထက်ကျော်လွန်ကာ ၎င်း၏ အဓိကဝင်ငွေအကောင်းဆုံး လမ်းကြောင်း ဖြစ်လာခဲ့သည်။
ထရမ့်အစိုးရအဖွဲ့က ဒစ်ဂျစ်တယ်ငွေကြေးကဏ္ဍအပေါ် တင်းကျပ်မှုများ လျှော့ချပေးမည့် မူဝါဒများ ဖော်ဆောင်နေချိန်တွင် ယခုကဲ့သို့ မိသားစုဝင်ငွေ အများအပြားရရှိနေခြင်း ဖြစ်သည်။ အိမ်ဖြူတော်ကမူ အကျိုးစီးပွားချင်း ပဋိပက္ခဖြစ်မှု မရှိဘဲ အမေရိကန်ကို ခရစ်ပတိုဗဟိုချက်ဖြစ်စေရန် ဆောင်ရွက်ခြင်းသာဖြစ်ကြောင်း တုံ့ပြန်ထားသည်။
ခရစ်ပတိုအပြင် ၎င်း၏ ဂေါက်ကွင်းနှင့် အပန်းဖြေစခန်းများမှ ဒေါ်လာ သန်း ၅၀၀ ကျော် (Mar-a-Lago မှ ၇၇ သန်း)၊ ပြည်ပအိမ်ခြံမြေလုပ်ငန်းများသို့ ၎င်း၏အမည် လိုင်စင်ချပေးမှုမှ ဒေါ်လာ ၅၂ သန်းနှင့် မီဒီယာအမှုရင်ဆိုင်ဖြေရှင်းမှုများမှ ဒေါ်လာ သန်း ၈၀ ကျော် ဆက်လက်ရရှိခဲ့သည်။
Source;The Nation
#Mingalarnews #TrumpCryptoIncome #WorldLibertyFinancial #USNews
