ထိုင်းနိုင်ငံ၊ နခွန်စဝမ် (Nakhon Sawan) ပြည်နယ်တွင် ဇွန်လ ၃၀ ရက်က ပျောက်ဆုံးသွားသည့် မိသားစုဝင် ၃ ဦး (အဖေ၊ အမေနှင့် သမီး) ကို သတ်ဖြတ်ပြီး ကတ်ဆာဗာ (ပီလောပီနံ) စိုက်ခင်းအတွင်း မြှုပ်နှံခဲ့ကြောင်း သေဆုံးသူအမျိုးသမီး၏ လင်ဟောင်းဖြစ်သူက ပတ္တရားဟိုတယ်တစ်ခုတွင် ဖမ်းဆီးခံရပြီးနောက် ဝန်ခံခဲ့ပါတယ်။
တရားခံဖြစ်သူ ဆာမတ် (Samart) သည် ဇွန်လ ၃၀ ရက် နံနက်အစောပိုင်းတွင် ဇနီးဟောင်း၏နေအိမ်သို့ ဖောက်ထွင်းဝင်ရောက်ခဲ့သည်။ အိမ်ထဲတွင် ယောက္ခမဟောင်းဖြစ်သူနှင့် ထိပ်တိုက်တိုးသဖြင့် ဓားဖြင့်ထိုးသတ်ခဲ့ပြီးနောက် ရုန်းရင်းဆန်ခတ်ဖြစ်သံကြောင့် နိုးလာသည့် ဇနီးဟောင်းနှင့် ယောက္ခမအိုကြီးတို့ကိုပါ ထပ်မံသတ်ဖြတ်ကာ စိုက်ခင်းထဲတွင် အလောင်းဖျောက်မြှုပ်နှံခဲ့ခြင်းဖြစ်သည်။
၎င်းသည် လောင်းကစားစွဲနေပြီး အကြွေးများနှင့် နေ့စဉ်အသုံးစရိတ်အတွက် ပိုက်ဆံခိုးယူရန် လာရောက်ခြင်း ဖြစ်သည်။ ၎င်းသည် ယခင်ကလည်း ယင်းအိမ်မှ ဘတ်ငွေ ၁ သိန်း ၄ သောင်းကျော်ကို နှစ်ကြိမ်တိုင်တိုင် ခိုးယူခဲ့ဖူးသည်။
လက်ရှိတွင် ရဲတပ်ဖွဲ့က တရားခံကို နခွန်စဝမ်သို့ ပြန်လည်ခေါ်ဆောင်လာပြီး ဥပဒေအရ အမြင့်ဆုံးပြစ်ဒဏ်ပေးနိုင်ရန် အမှုဖွင့် ဆောင်ရွက်နေပါတယ်။
Source;Thaiger
