IMF-World Bank အစည်းအဝေးများကြောင့် ဘန်ဂျာကီတီပန်းခြံ အချို့နေရာများ ယာယီပိတ်ထား

သီရိခေတ် ဘုရင်မ အမျိုးသားကွန်ဗင်းရှင်းစင်တာ (QSNCC) ၌ အောက်တိုဘာ ၁၂ ရက်မှ ၁၈ ရက်အထိ ကျင်းပမည့် 2026 IMF–World Bank Group နှစ်ပတ်လည် အစည်းအဝေးများ အဆင်ပြေချောမွေ့စွာ ကျင်းပနိုင်ရေးနှင့် လုံခြုံရေး အစီအမံများအတွက် ဘန်ဂျာကီတီ ပန်းခြံ (Benjakitti Park) ၏ အချို့အပိုင်းများကို အောက်တိုဘာ ၅ ရက်မှ ၁၈ ရက်အထိ ယာယီပိတ်ထားမည်ဖြစ်ကြောင်း ဘန်ကောက်မြို့တော် အုပ်ချုပ်ရေးအဖွဲ့ (BMA) သဘာဝပတ်ဝန်းကျင်ဌာနက အသိပေး ထုတ်ပြန်လိုက်ပါတယ်။

🚫 ပိတ်သိမ်းထားမည့် ဧရိယာများနှင့် ကာလများ

-Orange Zone (အောက်တိုဘာ ၅ မှ ၁၈ ရက်အထိ): ယာဉ်ရပ်နားစခန်း B (Parking Lot B) နှင့် ဘန်ဂျာကီတီ ပန်းခြံ ပြတိုက် အဆောက်အအုံ။

-Red Zone (အောက်တိုဘာ ၁၁ မှ ၁၈ ရက်အထိ): ယာဉ်ရပ်နားစခန်း A ၏ အချို့အပိုင်းများ၊ ဘန်ဂျာကီတီ ရေပြင်ပန်းခြံ (Benjakitti Water Park)၊ ရေကန် အမှတ် (၄) နှင့် ယာဉ်ရပ်နားစခန်း B တို့ ဖြစ်သည်။

BMA က အဆိုပါ ကာလအတွင်း ပန်းခြံအတွင်း လာရောက် အပန်းဖြေလိုသည့် ပြည်သူများအနေဖြင့် ကိုယ်ပိုင်ယာဉ်များထက် အများပြည်သူ သွားလာရေး ယာဉ်များကိုသာ အသုံးပြုကြရန်နှင့် ပိတ်ထားသည့် ဧရိယာများအတွင်း ဝင်ရောက်ခြင်းမပြုရန် အကြံပြုထားသည်။

ပန်းခြံဝင်ရောက်မှုဆိုင်ရာ နောက်ထပ် အပြောင်းအလဲများ ရှိပါက အချိန်နှင့်တစ်ပြေးညီ ဆက်လက် အသိပေးသွားမည်ဖြစ်သည်။

 Source;ThaiPBS