ထိုင်းနိုင်ငံ၊ ချွန်ပူရီခရိုင်အုပ်ချုပ်ရေးမှူး ဦးဆောင်သော ပူးပေါင်းအဖွဲ့သည် ဇူလိုင်လ ၃ ရက် (ယနေ့) တွင် ပတ္တရားနှင့် ဂျွန်သီယမ်ဒေသရှိ တရုတ်နိုင်ငံသားများ နောက်ကွယ်မှ နိုမီနီ (အမည်ခံထိုင်းနိုင်ငံသား) အသုံးပြု၍ တရားမဝင်ပိုင်ဆိုင်ထားသည့် အကြီးစား Pool Villa စီးပွားရေးလုပ်ငန်း ၅ ခုကို တရားရုံးဝရမ်းဖြင့် ဝင်ရောက်စီးနင်းခဲ့ပါတယ်။
ပထမဆုံးဝင်စီးသည့် ဇိမ်ခံဗီလာဝန်း (အိမ်ခြေ ၁၅ လုံး) သည် လူနေအိမ်အဖြစ်သာ မှတ်ပုံတင်ထားပြီး၊ ဟိုတယ်လိုင်စင်မရှိဘဲ တရုတ်ခရီးသွားများကို တစ်ရက်လျှင် ဘတ် ၆,၅၀၀ မှ ၁၀,၀၀၀ အထိဖြင့် တရားမဝင် ငှားရမ်းနေခြင်းဖြစ်သည်။
ဗီလာအမှတ် ၈ အတွင်း၌ ကခုန်စရာဂတ်စ် (Laughing Gas) အိုး ၂၀ လုံးနှင့်အတူ အိပ်ပျော်နေသည့် တရုတ်လူငယ် ၄ ဦး (အမျိုးသား ၃ ဦး၊ အမျိုးသမီး ၁ ဦး) ကို ဖမ်းဆီးရမိခဲ့သည်။ ၎င်းတို့က WeChat မှတစ်ဆင့် တစ်အိုးလျှင် ဘတ် ၁,၀၀၀ ခန့်ဖြင့် ဝယ်ယူသုံးစွဲခဲ့ကြောင်း ဝန်ခံခဲ့သည်။
ချွန်ပူရီခရိုင်အုပ်ချုပ်ရေးမှူး မစ္စတာ နာရစ်က နိုင်ငံခြားသားများအတွက် အမည်ခံ (Nominee) ပေးထားသည့် ထိုင်းရှယ်ယာရှင်များကို ပြင်းထန်စွာအရေးယူမည်ဖြစ်ပြီး၊ လက်ရှိတွင် နိုင်ငံခြားသားများ တရားမဝင်မြေပိုင်ဆိုင်ထားနိုင်ခြေရှိသည့် ကုမ္ပဏီ ၃၄၉ ခုကို စောင့်ကြည့်စစ်ဆေးနေကာ ပြစ်မှုထင်ရှားပါက မြေယာများကို လေလံပစ်သိမ်းဆည်းမည်ဟု သတိပေးထားပါတယ်။
Source;Thairath
#Mingalarnews #Thainews #ChineseNominees #LaughingGasParty #ChonburiGovernor
