အမေရိကန်နှင့် အီရန်တို့အကြား ပဋိပက္ခရပ်စဲရေး နားလည်မှုစာချွန်လွှာ (MoU) ရေးထိုးပြီးနောက်၊ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနသည် အီရန်အပါအဝင် အရှေ့အလယ်ပိုင်း ၄ နိုင်ငံအတွက် ထုတ်ပြန်ထားသည့် “ဘေးလွတ်ရာရွှေ့ပြောင်းရန်” (Level 4) အမြင့်ဆုံးသတိပေးချက်ကို လျှော့ချပေးရန် ပြန်လည်သုံးသပ်နေပါတယ်။
အခြားနိုင်ငံများက အရှေ့အလယ်ပိုင်းတွင် စီးပွားရေးပြန်စနေပြီဖြစ်ရာ၊ ဒေသတွင်းရှိ ဂျပန်ကုမ္ပဏီများကလည်း ဝန်ထမ်းများ သွားလာနိုင်ရေးအတွက် ကန့်သတ်ချက်များ လျှော့ချပေးရန် အစိုးရကို တောင်းဆိုထားသည်။
ဂျပန်နိုင်ငံခြားရေးဝန်ကြီး Toshimitsu Motegi က MoU အကောင်အထည်ဖော်မှုကို ကြည့်၍ ဆုံးဖြတ်မည်ဟု ဆိုသည်။ ဇွန် ၂၅ တွင် ဆော်ဒီအပါအဝင် ၇ နိုင်ငံကို လျှော့ချပေးခဲ့သော်လည်း၊ အမေရိကန်-အီရန် ဆွေးနွေးပွဲမှာ ပြန်လည်ဝေဝါးလာသဖြင့် သတိကြီးစွာ ဆက်လက်စောင့်ကြည့်နေရဆဲဖြစ်သည်။
ဝန်ကြီးဌာနသည် ၎င်းတို့၏ ဝက်ဘ်ဆိုက်ရှိ ခရီးသွားသတိပေးချက်မြေပုံ (Map) ကို အလွယ်တကူကြည့်နိုင်ရန် ပြင်ဆင်ထားပြီး၊ နွေရာသီကျောင်းပိတ်ရက် ခရီးမထွက်မီ နောက်ဆုံးရသတင်းများကို စစ်ဆေးကြရန် ပြည်သူများကို တိုက်တွန်းထားပါတယ်။
Source;The Nation
