ရောပနိုင်ငံများ ဟော်မုဇ်ရေလက်ကြား ဖြတ်သန်းခွင့်ရရန် အီရန်နှင့် ဆွေးနွေးနေ

အီရန်အစ္စလာမ္မစ်တော်လှန်ရေးအစောင့်တပ် (IRGC) ၏ ရေတပ်ထံသို့ ဥရောပနိုင်ငံအချို့က လာရောက်ညှိနှိုင်းနေခြင်းဖြစ်ပြီး၊ တရုတ်၊ ဂျပန်နှင့် ပါကစ္စတန် အပါအဝင် အရှေ့အာရှနိုင်ငံများမှ သင်္ဘောများကို အီရန်က ဖြတ်သန်းခွင့်ပေးခဲ့ပြီးနောက် ယခုကဲ့သို့ ဥရောပဘက်ကပါ ကမ်းလှမ်းလာခြင်း ဖြစ်ပါတယ်။ သို့သော် မည်သည့်ဥရောပနိုင်ငံများ ပါဝင်သည်ကိုမူ အီရန်ဘက်က အသေးစိတ် ထုတ်ဖော်ပြောကြားခြင်း မရှိသေးပါဘူးဗျာ။

နောက်ခံအခြေအနေနှင့် စစ်ဘေးဂယက်

၁။ ရေလမ်းကြောင်း ပိတ်ဆို့မှု: ပြီးခဲ့သည့် ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက် တွင် အမေရိကန်-အစ္စရေး မဟာမိတ်အဖွဲ့နှင့် အီရန်တို့ကြား စစ်ပွဲစတင်ဖြစ်ပွားခဲ့ပြီးနောက် အီရန်သည် ကမ္ဘာ့အရေးအပါဆုံး အဆိုပါရေလက်ကြားကို အလုံးစုံနီးပါး ပိတ်ဆို့ခဲ့ပါတယ်။ လက်ရှိတွင် ဧပြီလ ၈ ရက် ကတည်းက စတင်ခဲ့သည့် ယာယီအပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အောက်၌ ရှိနေသော်လည်း ရေလမ်းကြောင်း တင်းမာမှုကတော့ ရှိနေဆဲ ဖြစ်ပါတယ်။ 

၂။ အခကြေးငွေ ကောက်ခံခြင်း: အီရန်အာဏာပိုင်များက ဟော်မုဇ်ရေလက်ကြားအတွင်း ရေကြောင်းသွားလာမှုသည် “စစ်ပွဲမတိုင်ခင် အခြေအနေအတိုင်း ဘယ်တော့မှ ပြန်မဖြစ်နိုင်တော့ဘူး” ဟု ပြတ်ပြတ်သားသား ပြောဆိုထားပြီး၊ ဖြတ်သန်းခွင့်ရသည့် သင်္ဘောများထံမှ စည်းကြပ်ခွန်များနှင့် ဝန်ဆောင်ခများကို စတင်ကောက်ခံနေပြီ ဖြစ်ပါတယ်။ 

၃။ Project Freedom ကို ပိတ်ပင်ခြင်း: အီရန် ပါလီမန်အမျိုးသားလုံခြုံရေးကော်မတီဥက္ကဋ္ဌ Ebrahim Azizi ၏ ပြောကြားချက်အရ အမေရိကန်စစ်တပ်က ကုန်တင်သင်္ဘောများကို လုံခြုံရေးယူ လမ်းပြပေးနေသည့် “Project Freedom” စစ်ဆင်ရေးတွင် ပါဝင်သော သင်္ဘောလည်ပတ်သူများကိုမူ ဤရေလမ်းကြောင်းကို အပိတ်အဆို့ ဆက်လက်လုပ်ဆောင်သွားမည်ဟု ဆိုပါတယ်။

ပုံမှန်အခြေအနေတွင် ဟော်မုဇ်ရေလက်ကြားသည် ကမ္ဘာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ သယ်ယူပို့ဆောင်ရေး၏ ငါးပုံတစ်ပုံ (၂၀%) ခန့် ဖြတ်သန်းရာ အဓိကကျောရိုးမကြီး ဖြစ်ပါတယ်။ လက်ရှိတွင် အမေရိကန်က အီရန်ဆိပ်ကမ်းများကို ပြန်လည်ပိတ်ဆို့ထားသော်လည်း၊ အီရန်က ဤရေလက်ကြားကို ထိန်းချုပ်ထားနိုင်ခြင်းက နိုင်ငံတကာဈေးကွက်ကို ကစားနိုင်သည့် ကြီးမားသော နိုင်ငံရေးအင်အား (Bargaining power) ဖြစ်နေပါတယ်ဗျ။

Source;The Nation