ဦးနှောက်အကျိတ် ဖြစ်ပွားနေကြောင်း သိရှိရတဲ့အခါ စိုးရိမ်ပူပန်မှု ကြီးမားရတဲ့အပြင် ဆေးပညာဆိုင်ရာ အသုံးအနှုန်းတွေကြောင့်လည်း ပိုမိုရှုပ်ထွေး ဝေခွဲမရ ဖြစ်တတ်ကြပါတယ်။ အထူးသဖြင့် မကြာခဏ ကြားရလေ့ရှိတဲ့ “Glioma” နဲ့ “Glioblastoma” ဟာ အမည်ချင်း ဆင်တူပေမဲ့ ကုသမှုလမ်းကြောင်းနဲ့ ရောဂါပြင်းထန်မှုချင်း လုံးဝမတူညီပါဘူး။ ⚠️
🔍 မည်သို့ကွာခြားသနည်း။
🧠 Glioma: ဦးနှောက်အတွင်းရှိ Glial cells များမှ စတင်ဖြစ်ပွားတဲ့ အကျိတ်အုပ်စုကြီးတစ်ခုလုံးကို ခြုံငုံခေါ်ဆိုတဲ့ အသုံးအနှုန်း (Umbrella term) ဖြစ်ပြီး ရောဂါအဆင့် (၁) မှ (၄) အထိ ရှိနိုင်ပါတယ်။
🔥 Glioblastoma : Glioma အုပ်စုဝင် ဖြစ်သော်လည်း အဆိုးရွားဆုံးနှင့် အကြမ်းတမ်းဆုံး အဆင့် (၄) အကျိတ်အမျိုးအစား ဖြစ်ပါတယ်။ ကင်ဆာဆဲလ် ပျံ့နှံ့လွယ်ပြီး အလွန်လျင်မြန်စွာ ကြီးထွားတတ်ပါတယ်။
📌 အကျဉ်းချုပ်ရလျှင်: Glioblastoma အားလုံးသည် Glioma များ ဖြစ်ကြသော်လည်း Glioma အားလုံးသည် Glioblastoma များ မဟုတ်ကြပါ။
⚠️ သတိပြုရမည့် ရှေ့ပြေးလက္ခဏာများ
▪️ခေါင်းကိုက်ခြင်း (အထူးသဖြင့် မနက်ပိုင်းတွင် ပိုမိုခံစားရခြင်း)
▪️အတက်ရောဂါ အသစ်ဖြစ်လာခြင်း
▪️အကြောင်းရင်းမရှိဘဲ ပျို့အန်ခြင်း
▪️ခြေလက်များ အားနည်းခြင်း သို့မဟုတ် ထုံကျင်ခြင်း
▪️မှတ်ဉာဏ်ရုတ်တရက် ချို့ယွင်းခြင်းနှင့် အမြင်အာရုံဆိုင်ရာ ပြဿနာများ ဖြစ်ပေါ်ခြင်း
(အထူးသဖြင့် Glioblastomaသည် အကျိတ်ကြီးထွားမှု မြန်ဆန်လွန်းသဖြင့် လက္ခဏာများ အလွန်လျင်မြန်စွာ ပြင်းထန်လာတတ်ပါသည်။)
🩺 ရောဂါရှာဖွေခြင်းနှင့် ကုသမှုလမ်းညွှန်
🔬 ရောဂါရှာဖွေခြင်း: တိကျသေချာစေရန် အဆင့်မြင့် MRI Scan ရိုက်ခြင်းနှင့် အသားစယူစစ်ဆေးခြင်း (Biopsy) တို့ မဖြစ်မနေ လိုအပ်ပါသည်။
💊 ကုသခြင်း:
▪️အဆင့်နိမ့် Glioma များကို စောင့်ကြည့်ခြင်း သို့မဟုတ် ခွဲစိတ်ဖယ်ရှားခြင်းဖြင့် ကုသနိုင်သော်လည်း၊
▪️ပြင်းထန်ပြီး အသက်အန္တရာယ် မြန်မြန်ပေးနိုင်သော Glioblastoma အတွက်မူ ခွဲစိတ်ကုသခြင်း၊ ဓာတ်ရောင်ခြည်ပြခြင်း၊ ဓာတုကုထုံး (Chemotherapy) နှင့် ပစ်မှတ်ထားကုထုံး (Targeted Therapy) စတဲ့ ပေါင်းစပ်ကုထုံးများကို ချက်ချင်း အချိန်မဆိုင်းဘဲ ကုသမှုခံယူရပါမယ်။
💡 ကျန်းမာရေးသဝဏ်လွှာ – ဦးနှောက်နဲ့ အာရုံကြောဆိုင်ရာ လက္ခဏာတွေကို လျစ်လျူမရှုပါနဲ့။ စောစောစီးစီး တိကျတဲ့ စစ်ဆေးမှု ခံယူခြင်းကသာ သင့်အသက်ကို ကယ်တင်နိုင်မယ့် အကောင်းဆုံးသော သော့ချက်ဖြစ်ပါတယ်။
အကြောင်းရင်းမရှိဘဲ ခေါင်းခဏခဏကိုက်တတ်သူတွေ၊ အာရုံကြောအားနည်းသူတွေ ရှိရင် သတိပြုမိစေဖို့ ဒီအရေးကြီးတဲ့ Post လေးကို Share ပြီး သတင်းပါးလိုက်ပါဦးနော် ❤️
အခုလို ဝေဒနာနဲ့ ပတ်သက်ပြီး ကျန်းမာရေးဆိုင်ရာ သိကောင်းစရာတွေကို ထပ်မံမေးမြန်းလိုရင်ဖြစ်စေ၊ 𝐕𝐞𝐣𝐭𝐡𝐚𝐧𝐢 𝐇𝐨𝐬𝐩𝐢𝐭𝐚𝐥 နဲ့ချိတ်ဆက်လိုလျှင်ဖြစ်စေ၊ ထိုင်းနိုင်ငံရှိ ထိပ်တန်းဆေးရုံကြီးများရဲ့ ကုသမှုစရိတ်နဲ့ ဆေးရုံသတင်းအချက်အလက်တွေကို စုံစမ်းလိုရင်ဖြစ်စေ 𝐏𝐚𝐠𝐞 𝐌𝐞𝐬𝐬𝐞𝐧𝐠𝐞𝐫 ကနေတစ်ဆင့် အချိန်မရွေး ဆက်သွယ်စုံစမ်းနိုင်ပါတယ်။
ဆက်သွယ်ရန်:
𝐅𝐚𝐜𝐞𝐛𝐨𝐨𝐤: 𝐏𝐚𝐠𝐞 𝐌𝐞𝐬𝐬𝐞𝐧𝐠𝐞𝐫
𝐕𝐢𝐛𝐞𝐫: +𝟗𝟓 𝟗𝟖𝟖 𝟕𝟕𝟖 𝟑𝟔𝟕𝟕
𝐓𝐞𝐥𝐞𝐠𝐫𝐚𝐦: +𝟔𝟔 𝟔 𝟓𝟔𝟓 𝟗𝟓𝟖𝟓𝟏
𝐒𝐨𝐮𝐫𝐜𝐞;𝐕𝐞𝐣𝐭𝐡𝐚𝐧𝐢 𝐇𝐨𝐬𝐩𝐢𝐭𝐚𝐥
