ပရာချင်ဘူရီရှိ ကော်ဖီဆိုင်တစ်ဆိုင် ညတွင်းချင်း ကြက်ချေးများနှင့် အမှိုက်များ ဖြင့်ဖျက်စီးခံရ

ထိုင်းနိုင်ငံ၊ ပရာချင်ဘူရီ (Prachin Buri) ခရိုင်ရှိ ကော်ဖီနှင့် ဖျော်ရည်ဆိုင်တစ်ဆိုင်သည် ညတွင်းချင်း အမည်မသိ လူတစ်စု၏ ဖျက်ဆီးမှုကြောင့် ဆိုင်အတွင်းအပြင် ကြက်ချေးများနှင့် အစားအသောက် အမှိုက်များ ပေကျံနေခဲ့သဖြင့် ဆိုင်ရှင်အမျိုးသမီးမှာ ဆိုင်မဖွင့်မီ အပြင်းအထန် သန့်ရှင်းရေး လုပ်ခဲ့ရကြောင်း သိရပါတယ်။

ဘန်ဆန်း (Ban Sang) မြို့နယ်ရှိ ကော်ဖီဆိုင်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး, TikTok အကောင့်ပိုင်ရှင် ဆိုင်ရှင်အမျိုးသမီးက စက်တင်ဘာ ၁၇ ရက်နေ့တွင် ဆိုင်ပျက်စီးနေသည့် ရုပ်သံဖိုင်များကို မျှဝေခဲ့သည်။

သူမအနေဖြင့် ရိုးသားစွာ အလုပ်လုပ်ကိုင်စားသောက်နေသူဖြစ်ပြီး ယခုကဲ့သို့ အကြောင်းမဲ့ အဒဏ်ခံရခြင်းအပေါ် အဘယ်ကြောင့် ဤသို့ ပြုလုပ်ရသနည်းဟု မေးခွန်းထုတ်ခဲ့သည်။ အမှိုက်များနှင့် ကြက်ချေးများ ပေကျံနေသဖြင့် သန့်ရှင်းရေး မလုပ်ရမချင်း ဆိုင်ကို ပုံမှန်အတိုင်း မဖွင့်လှစ်နိုင်ခဲ့ပေ။

လူမှုကွန်ရက်ပေါ်တွင် မှတ်ချက်ပေးသူ အချို့က ယခုကဲ့သို့ ဖျက်ဆီးခံရခြင်းမှာ ပြင်ပတရားမဝင် အကြွေးတင်နေခြင်းကြောင့် ဖြစ်နိုင်သည်ဟု ယူဆခဲ့ကြသော်လည်း၊ ဆိုင်ရှင်က ၎င်းတို့ဆိုင်တွင် ပြင်ပတရားမဝင် အကြွေးများ သို့မဟုတ် အလွန်အမင်း အကြွေးတင်နေခြင်း လုံးဝမရှိကြောင်း၊ ဘဏ်နှင့်သာ အကြွေးရှိကြောင်း ငြင်းဆိုခဲ့သည်။

အချို့ကမူ တစ်စုံတစ်ဦးနှင့် ကိုယ်ရေးကိုယ်တာ ရန်ငြိုးဖွဲ့စရာ ရှိခဲ့ခြင်းကြောင့် ယခုကဲ့သို့ ပြင်းထန်စွာ တိုက်ခိုက်ခံရခြင်း ဖြစ်နိုင်ကြောင်း သုံးသပ်ခဲ့ကြသည်။

ဆိုင်ရှင်က အမြန်ဆုံး တရားမျှတမှု ရရှိရန်နှင့် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ပေးရန် တောင်းဆိုထားသည်။

Source;Thaiger