အမျိုးသမီးအတွင်းခံများ ခိုးယူပြီး ကိုယ်တိုင်ဝတ်ဆင်ထားသည့် အသက် ၆၅ နှစ်အရွယ် ထိုင်းအဘိုးအိုကို ဖယောင်းမြို့တွင် ဖမ်းဆီးရမိ

ထိုင်းနိုင်ငံ၊ ဖယောင်း (Phayao) ပြည်နယ်ရှိ အဆောင်တစ်ခုတွင် အမျိုးသမီးငယ်တစ်ဦး၏ အတွင်းခံဝတ်စုံများ ပျောက်ဆုံးမှုဖြစ်ပွားရာမှ၊ ရဲတပ်ဖွဲ့က CCTV မှတ်တမ်းဖြင့် ခြေရာခံကာ အသက် ၆၅ နှစ်အရွယ် အမျိုးသားတစ်ဦးကို ၎င်း၏နေအိမ်၌ သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးနိုင်ခဲ့ပါတယ်။

အသက် ၂၆ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦးက အဆောင်တွင် လှန်းထားသည့် ၎င်း၏အတွင်းခံများ ပျောက်ဆုံးသွားသဖြင့် တိုင်ကြားခဲ့ရာ၊ ရဲတပ်ဖွဲ့က CCTV မှတ်တမ်းကို စစ်ဆေးပြီး အသက်ကြီးပိုင်းအမျိုးသားတစ်ဦး လာရောက်ခိုးယူသွားသည်ကို စုံစမ်းသိရှိခဲ့ရသည်။
ရဲတပ်ဖွဲ့က တရားခံ “နိုင်းပလိန်” (Nai Pleng) ၏ နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ ၎င်း၏အဝတ်လှန်းစင်တွင် ခိုးရာပါအတွင်းခံများကို တွေ့ရှိခဲ့ရုံသာမက၊ အတွင်းခံတစ်ထည်ကိုမူ ၎င်းကိုယ်တိုင် ဝတ်ဆင်ထားသည်ကို တအံ့တဩ တွေ့ရှိခဲ့ရသည်။

တရားခံက ၎င်းအနေဖြင့် ယခုကဲ့သို့ အမျိုးသမီးအတွင်းခံများ ခိုးယူခြင်းမှာ ၎င်း၏ ကိုယ်ပိုင်ဝါသနာ တစ်ခုဖြစ်ပြီး၊ ယခင်ကလည်း ဤကဲ့သို့ အကြိမ်ကြိမ် လုပ်ဆောင်ခဲ့ဖူးကြောင်း ဝန်ခံထွက်ဆိုခဲ့သည်။
လက်ရှိတွင် ရဲတပ်ဖွဲ့က သက်သေခံပစ္စည်းများအားလုံးကို သိမ်းဆည်းကာ တရားခံအား မူအန်ဖယောင်းရဲစခန်းတွင် ထိန်းသိမ်းပြီး ဥပဒေအရ အရေးယူနိုင်ရန် အမှုဖွင့်လှစ်ထားရှိသည်။

Source;ข่าวเด่นภูมิภาคทั่วไทย กาญจนบุรี