မြန်မာ ၂၂ ဦးကို ကား ၃ စီးဖြင့် အပြည့်သယ်ဆောင်လာသည့် ဂိုဏ်းအား အယုဒ္ဓယအဝေးပြေးရဲတပ်ဖွဲ့ ပိတ်ဆို့ဖမ်းဆီးရမိ

ထိုင်းနိုင်ငံ၊ ဖရာနခွန်းစီအယုဒ္ဓယ (Ayutthaya) ပြည်နယ်၊ အဝေးပြေးလမ်းမကြီးအမှတ် 1 ပေါ်တွင် မှန်အမည်းရောင်များ ကပ်ထားပြီး ကား ၃ စီးဖြင့် အပြည့်အသိပ် တင်ဆောင်လာသည့် အထောက်အထားမဲ့ မြန်မာနိုင်ငံသား ၂၂ ဦးနှင့် ထိုင်းလူမျိုး ကားသမားတစ်ဦးတို့ကို အဝေးပြေးရဲတပ်ဖွဲ့နှင့် လူဝင်မှုကြီးကြပ်ရေးတပ်ဖွဲ့ တို့ ပူးပေါင်းကာ ဖမ်းဆီးရမိခဲ့ပါတယ်။
စူရပူရီ (Saraburi) မှ အယုဒ္ဓယသို့ တရားမဝင်လုပ်သားများ သယ်ဆောင်လာမည်ဟူသော သတင်းအရ စောင့်ဆိုင်းစဉ်၊ ကားအနောက်ပိုင်း အလေးချိန် အလွန်အမင်း ဝန်စီးနေသည့် ဆีဒန်ကား ၃ စီးကို တွေ့ရှိခဲ့ရသည်။ အာဏာပိုင်များကို တားဆီးရန် ရှေ့ဆုံးကားတွင် အစိုးရဌာနဆိုင်ရာ တံဆိပ် ကိုပါ ကပ်ထားခဲ့သည်။
ရဲတပ်ဖွဲ့က တားဆီးစစ်ဆေးရာ ကား ၃ စီးစလုံး၏ အတွင်းခန်းများ၌ အထောက်အထားမဲ့ မြန်မာနိုင်ငံသား ၂၂ ဦးကို ကြပ်ညပ်နေအောင် အပြည့် တင်ဆောင်လာသည်ကို လက်ရဖမ်းဆီးမိခဲ့သည်။
စပူရီပြည်နယ်မှ အယုဒ္ဓယသို့ ပို့ဆောင်ပေးရန်အတွက် ကားတစ်ခေါက်လျှင် ထိုင်းဘတ် ၁,၅၀၀ရရှိသဖြင့် မောင်းနှင်ပေးခြင်းဖြစ်ကြောင်း ဝန်ခံသည်။
မဲဆောက်ခရိုင်ရှိ သဘာဝတောလမ်း (အောက်လမ်း) မှတစ်ဆင့် ခိုးဝင်လာခဲ့ကြခြင်းဖြစ်ပြီး၊ တစ်ဦးလျှင် ပွဲစားခအဖြစ် ဘတ် ၁၅,၀၀၀ မှ ၂၀,၀၀၀ အထိ ပေးဆောင်ခဲ့ရကြောင်း ထွက်ဆိုခဲ့ကြသည်။
လက်ရှိတွင် ဖမ်းဆီးရမိသူများအားလုံးကို သက်သေခံကားများနှင့်အတူ ဝမ်နွိုင်းရဲစခန်းသို့ လွှဲပြောင်းကာ ဥပဒေအရ အရေးယူနိုင်ရန် အမှုဖွင့်လှစ်ထားရှိသည်။

Source;ตำรวจทางหลวง