သမ္မတ ဒေါ်နယ်ထရမ့် ဦးဆောင်သည့် အမေရိကန်အစိုးရသည် ရွှေ့ပြောင်းနေထိုင်မှု တင်းကျပ်ရေးမူဝါဒအရ နိုင်ငံခြားကျောင်းသားများ၊ ဖလှယ်ရေးအစီအစဉ်ဖြင့် လာရောက်သူများနှင့် နိုင်ငံခြားသတင်းထောက်များ၏ အမေရိကန်၌ နေထိုင်ခွင့်ကာလကို ကန့်သတ်မည့် စည်းမျဉ်းအသစ်များကို ပြည်တွင်းလုံခြုံရေးဝန်ကြီးဌာန (DHS) မှတစ်ဆင့် ထုတ်ပြန်ကြေညာလိုက်ပါတယ်။
ယခင်က ကျောင်းပြီးသည်အထိ နေထိုင်ခွင့်ပြုခဲ့သော်လည်း ယခုအခါ သတ်မှတ်ရက်စွဲဖြင့်သာ သက်တမ်းကန့်သတ်တော့မည် ဖြစ်သည်။
▪️ကျောင်းသား (F ဗီဇာ) နှင့် ဖလှယ်ရေးဗီဇာ (J ဗီဇာ): ယခင်က ကျောင်းပြီးသည်အထိဖနေထိုင်ခွင့်ရခဲ့သော်လည်း၊ ယခုအခါ အမြင့်ဆုံး သက်တမ်း ၄ နှစ် သာ ရရှိတော့မည်။
▪️နိုင်ငံခြားသတင်းထောက် (I ဗီဇာ): ယခင်က နှစ်ပေါင်းများစွာ သက်တမ်းရရှိခဲ့သော်လည်း၊ ယခုအခါ အမြင့်ဆုံး ၂၄၀ ရက် (၈ လခန့်) သာ ကန့်သတ်လိုက်ပြီး၊ တရုတ်သတင်းထောက်များအတွက်မူ ရက်ပေါင်း ၉၀ သာ ခွင့်ပြုမည်။ (သတ်မှတ်ချက်နှင့်အညီ သက်တမ်းတိုးရန် ပြန်လည်လျှောက်ထားနိုင်ပါသည်)
▪️ကျောင်းပြောင်းခွင့်နှင့် ဘွဲ့ရပြီးနောက် ပြင်ဆင်ချိန်: ဘွဲ့လွန်ကျောင်းသားများ ခွင့်ပြုချက်မရှိဘဲ ကျောင်းပြောင်းခွင့်ကို ပိတ်ပင်လိုက်သည့်အပြင်၊ ဘွဲ့ရပြီးနောက် ဆက်လက်နေထိုင်ခွင့်ပြုသည့် ကြားခံကာလ (Grace Period) ကိုလည်း ရက်ပေါင်း ၆၀ မှ ရက်ပေါင်း ၃၀ သို့ လျှော့ချ လိုက်သည်။
အမေရိကန်အစိုးရ၏ ထုတ်ပြန်ချက်အရ ကျောင်းသားနှင့် သတင်းထောက်ဗီဇာကိုင်ဆောင်ပြီး အမေရိကန်တွင် ဆယ်စုနှစ်များစွာ ဆက်တိုက်နေထိုင်နေကြသူများပြားလာပြီး ယာယီနေထိုင်သူများကို စောင့်ကြည့်ကြီးကြပ်ရန် ရှုပ်ထွေးလာခြင်းကြောင့် ဖြစ်သည်ဟု ဆိုသည်။ ၂၀၂၄ ခုနှစ်တွင် အမေရိကန်သို့ ကျောင်းသားဗီဇာဖြင့် ဝင်ရောက်သူဦးရေ ၁.၈ သန်းကျော် ရှိခဲ့ပြီး ယခင်နှစ်ထက် ၁၁% ကျော် တိုးတက်လာခဲ့သည်။
Source;The Nation
