တိုကျို၊ ဇူလိုင် ၃၀ (၂၀၂၆) – ဂျပန်နိုင်ငံ တောင်ပိုင်း ခယူးရှူးကျွန်းတွင် အင်္ဂါနေ့က လှုပ်ခတ်ခဲ့သည့် ပြင်းအား ၆.၈ ရှိ ငလျင်ကြောင့် သေဆုံးသူ အရေအတွက် ၃၀ ဦး အထိ မြင့်တက်လာပြီး အနည်းဆုံး ၆၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း တရားဝင် ထုတ်ပြန်လိုက်ပါတယ်။
လက်ရှိတွင် ဂျပန်ကာကွယ်ရေးတပ်ဖွဲ့ဝင် ၅,၀၀၀ နီးပါးက ပျက်စီးသွားသည့် အဆောက်အအုံများအတွင်း ရှာဖွေရေးလုပ်ငန်းများ လုပ်ဆောင်နေသော်လည်း အောက်ပါအချက်များကြောင့် အခက်အခဲများနှင့် ရင်ဆိုင်နေရသည့်အပြင် ရာသီဥတုမှာ ကြာသပတေးနေ့တွင် အပူချိန် ၃၅ ဒီဂရီစင်တီဂရိတ်အထိ မြင့်တက်လာခြင်းနှင့် အင်္ဂါနေ့ကတည်းက ဆက်တိုက်လှုပ်ခတ်နေသည့် ပြင်းအား ၅.၈ အထိရှိတဲ့ နောက်ဆက်တွဲငလျင်များနှင့် ဆက်တိုက််ကြုံတွေ့နေရပါတယ်။
Aeon စျေးဝယ်စင်တာ ဂတ်စ်ပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ ၆ ဦး သေဆုံးခဲ့သည်။ ယတ်ဆူရှီးရိုးမြို့ရှိ စက္ကူစက်ရုံတစ်ခု၏ မီးခိုးခေါင်းတိုင် ပြိုကျမှုကြောင့် ၈ ဦး သေဆုံးခဲ့ပြီး၊ ဗီယက်နမ်နိုင်ငံသား အလုပ်သမားတစ်ဦးလည်း အလုပ်ခွင် မတော်တဆမှုဖြင့် သေဆုံးခဲ့သည်။
အိမ်ခြေ ၂၃,၀၀၀ ခန့် လျှပ်စစ်မီးပြတ်တောက်ပြီး ၇၅,၀၀၀ ခန့် ရေပြတ်တောက်လျက်ရှိကာ လူပေါင်း ၁၅,၀၀၀ ခန့်မှာ ခိုလှုံရေးစခန်းများတွင် ယာယီခိုလှုံနေကြရသည်။
ကူမာမိုတိုဒေသသည် ဂျပန်၏ မော်တော်ယာဉ်နှင့် ဆီမီးကွန်ဒတ်တာ ထုတ်လုပ်မှု အချက်အချာဖြစ်သည့်အတွက် ကုမ္ပဏီများစွာက လုပ်ငန်းများကို ခေတ္တရပ်ဆိုင်းထားရသည်။ Toyota (စက်ရုံ ၃ ရုံ)၊ Honda၊ Sony၊ Renesas နှင့် Tokyo Electron တို့သည် ထုတ်လုပ်မှုကို ရပ်နားထားသော်လည်း TSMC ကမူ ၎င်းတို့၏ စက်ရုံကို ပြန်လည်လည်ပတ်နေပြီဖြစ်သည်။
အာဏာပိုင်များက ကယ်ဆယ်ရေးလုပ်ငန်းများကို အဓိကထား လုပ်ဆောင်နေပြီး သောက်သုံးရေနှင့် အစားအသောက်များကို အရေးပေါ် ဖြန့်ဝေပေးလျက်ရှိသည်။
Source;The Guardian
