ပတ္တရားဟိုတယ် မီးလောင်မှုကြောင့် လူ ၄ ဦး ဒဏ်ရာရ၊ ဧည့်သည် ၂၀ဝ ကျော်ကို အရေးပေါ်ရွှေ့ပြောင်းပေးခဲ့ရ

ထိုင်းနိုင်ငံ၊ ချွန်ပူရီခရိုင်၊ ပတ္တရားမြို့ရှိ ၈ ထပ်အမြင့်ဆောင် ဟိုတယ်တစ်ခုတွင် ကြာသပတေးနေ့ည (၂၀၂၆ ခုနှစ်၊ မေလ ၂၁ ရက်) က မီးလောင်မှုဖြစ်ပွားခဲ့ရာ လူ ၄ ဦး ဒဏ်ရာရရှိခဲ့ပြီး ဟိုတယ်တည်းခိုသူ ဧည့်သည် ၂၀၀ ကျော်ကို ဘေးလွတ်ရာသို့ အရေးပေါ်ရွှေ့ပြောင်းပေးခဲ့ရပါတယ်ဗျာ။ မီးလောင်ရခြင်း အကြောင်းရင်းမှာ လျှပ်စစ်ဝါယာရှော့ခ် ဖြစ်နိုင်ကြောင်း ရဲတပ်ဖွဲ့က ကနဦး သံသယရှိထားပါတယ်။

ပတ္တရား ၃ လမ်း (Pattaya 3rd Road) ပေါ်ရှိ AJ Plus Hotel ၏ အမိုးမိုးထားသည့် ရိုဖ်တော့ပ် (Rooftop) မှတစ်ဆင့် မီးစတင်လောင်ကျွမ်းခဲ့ပြီး မီးခိုးများနှင့် မီးတောက်များသည် ၇ ထပ်မြောက်အထိ ကူးစက်ပျံ့နှံ့ခဲ့တာ ဖြစ်ပါတယ်။

မီးလောင်ချိန်တွင် ဟိုတယ်ရှိ အခန်းပေါင်း ၁၇၃ ခန်းအနက် အခန်း ၁၂၀ ခန့်တွင် ထိုင်း၊ အိန္ဒိယoption၊ တရုတ်၊ ဂျပန်၊ ဖိလစ်ပိုင်နှင့် အင်ဒိုနီးရှား နိုင်ငံသား စုစုပေါင်း ဧည့်သည် ၂၄၀ ဦးခန့် တည်းခိုနေကြပြီး အားလုံးကို အရေးပေါ် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ရပါတယ်။ မီးသတ်တပ်ဖွဲ့က ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ ည ၁၀:၄၈ နာရီတွင် မီးကို ထိန်းချုပ်နိုင်ခဲ့ပါတယ်။

မီးခိုးမွှန်ခြင်းနှင့် မီးဘေးလွတ်ရာ ထွက်ပြေးစဉ် ထိခိုက်ဒဏ်ရာရရှိသူ စုစုပေါင်း ၄ ဦး (ထိုင်းအမျိုးသမီး ၂ ဦး၊ အင်ဒိုနီးရှား ယောက်ျားလေး ၁ ဦးနှင့် ထိုင်းအမျိုးသား ၁ ဦး) ရှိခဲ့ပြီး ၎င်းတို့ကို အနီးနားရှိ ဆေးရုံများသို့ ပို့ဆောင်ကုသပေးထားပါတယ်။ အခြားဧည့်သည်များမှာမူ ဘေးအန္တရာယ်မရှိဘဲ လွတ်မြောက်ခဲ့ကြပါတယ်။

လတ်တလောတွင် အာဏာပိုင်များက အဆိုပါဟိုတယ်အဆောက်အအုံကို ဘေးကင်းလုံခြုံရေးအရ ယာယီပိတ်ထားလိုက်ပြီး မီးဘေးသင့်ခဲ့သည့် ခရီးသွားဧည့်သည်များအတွက် အနီးနားရှိ ဟိုတယ်များတွင် ယာယီတည်းခိုနိုင်ရန် စနစ်တကျ စီစဉ်ချိတ်ဆက်ပေးထားပါတယ်ဗျာ။ မီးလောင်ရသည့် အကြောင်းရင်းအမှန်ကို သိရှိနိုင်ရန် ရဲတပ်ဖွဲ့နှင့် မီးသတ်စုံစမ်းစစ်ဆေးရေးအဖွဲ့များက ဆက်လက်စစ်ဆေးနေဆဲ ဖြစ်ပါတယ်။

Source;Bangkok Post