FIFA ၏ ကမ္ဘာ့ဖလား စီးပွားရေး ရှယ်ယာ ရောင်းချမည့် အစီအစဉ်ကြောင့် UEFA က သပိတ်မှောက်မည်ဟု ခြိမ်းခြောက်

ဇူလိုင် ၃၁ (၂၀၂၆) – FIFA ဥက္ကဋ္ဌ ဂျီယန်းနီ အင်ဖန်တီနိုက ကမ္ဘာ့ဖလား အပါအဝင် ပြိုင်ပွဲများ၏ စီးပွားရေး လုပ်ပိုင်ခွင့်အချို့ကို ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံသူများထံ ရောင်းချရန် ပြင်ဆင်နေမှုကို ဥရောပ ဘောလုံးအဖွဲ့ချုပ် (UEFA) အဖွဲ့ဝင် ၅၅ နိုင်ငံစလုံးက ကန့်ကွက်လိုက်ပြီး ယင်းအစီအစဉ်ကို မစွန့်လွှတ်ပါက FIFA ပြိုင်ပွဲများအား သပိတ်မှောက်သွားမည်ဟု သဘောတူညီခဲ့ကြပါတယ်။

FIFA သည် ဒေါ်လာ ဘီလီယံ ၂၀ တန်ဖိုးရှိ “FIFA Forward Enterprise” ဆိုသည့် ကုမ္ပဏီခွဲမှတစ်ဆင့် ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံသူများထံမှ ဒေါ်လာ ၄.၂ ဘီလီယံ ရယူကာ အဖွဲ့ဝင် နိုင်ငံများကို ပေးအပ်သည့် ဖွံ့ဖြိုးရေး ရန်ပုံငွေကို ဒေါ်လာ သန်း ၂၀ အထိ တိုးမြှင့်ပေးရန် ပြင်ဆင်နေခြင်းဖြစ်သည်။

ကမ္ဘာ့ဖလား ပြိုင်ပွဲများ၏ ထိန်းချုပ်ခွင့်ကို ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံသူများ လက်ထဲ ရောက်ရှိသွားမည်ကို လက်မခံနိုင်သဖြင့် အဆိုပါ အစီအစဉ်ကို စွန့်လွှတ်ရန် တောင်းဆိုထားပြီး၊ မဟုတ်ပါက လာမည့် စက်တင်ဘာလ U-20 အမျိုးသမီး ကမ္ဘာ့ဖလား ပြိုင်ပွဲမှစ၍ သပိတ်မှောက်မည်ဟု သတိပေးထားသည်။

မြောက်အမေရိက (Concacaf) နှင့် အာရှ (AFC) ဘောလုံးအဖွဲ့ချုပ် တို့ကလည်း ပွင့်လင်းမြင်သာမှု မရှိခြင်းနှင့် ဒေသတွင်း လိဂ်များကို ရိုက်ခတ်နိုင်ခြင်းတို့ကြောင့် ကန့်ကွက်ထားကြသည်။

Source;The Nation