ပတ္တရားတွင် ပျောက်ဆုံးနေသည့် ရုရှားမောင်နှမ အမှုနှင့် ပတ်သက်၍ ထိုင်းအမျိုးသား ၂ ဦး ထပ်မံ ဖမ်းဆီးခံရ

ပတ္တရား၊ ဇူလိုင် ၃၀ (၂၀၂၆) – ထိုင်းနိုင်ငံ၊ ပတ်တရားမြို့နယ်တွင် ပျောက်ဆုံးနေသည့် ရုရှားမောင်နှမ နှစ်ဦးအား ရှာဖွေရေး လုပ်ငန်းစဉ်များကို အရှိန်အဟုန်မြှင့် ဆောင်ရွက်နေစဉ် အဓိက သံသယရှိသူများကို ကူညီဖုံးကွယ်ပေးခဲ့သည့် ထိုင်းအမျိုးသား ၂ ဦးကို ရဲတပ်ဖွဲ့က စစ်ဆေးရေးခွေးများ အသုံးပြု၍ ဝင်ရောက် ဖမ်းဆီးနိုင်ခဲ့ပါတယ်။

ရဲတပ်ဖွဲ့သည် “Suea Hoi” နှင့် “Phang” ဟု လူသိများသော သံသယရှိသူ ထိုင်းအမျိုးသား ၂ ဦး၏ နေအိမ်များကို ဝင်ရောက်စီးနင်းကာ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ၎င်းတို့သည် အဓိက သံသယရှိသူများဖြစ်သည့် ထာနာ (Thana – ၄၃ နှစ်) နှင့် ထောင်ချိုင် (Thongchai – ၃၉ နှစ်) တို့အား မော်တော်ဆိုင်ကယ် ဘေးတွဲအတွင်း တာပေါ်လင် အစအုပ်၍ ထွက်ပြေးလွတ်မြောက်စေရန် ကူညီပေးခဲ့သည်။

ထို့အပြင် ပျောက်ဆုံးနေသည့် ရုရှားမောင်နှမ နှစ်ဦးပိုင် မော်တော်ဆိုင်ကယ်ကို အစိတ်အပိုင်းများ ဖြုတ်၍ မြေမြှုပ်ဖျောက်ဖျက်ရာတွင်လည်း ကူညီပေးခဲ့ကြောင်း သံသယရှိထားသည်။

ရဲတပ်ဖွဲ့သည် Suea Hoi အား မော်တော်ဆိုင်ကယ် ဘေးတွဲ မောင်းနှင်လာစဉ် လမ်းခုလတ်၌ တားဆီးဖမ်းဆီးခဲ့ပြီးနောက် Phang ၏ နေအိမ်သို့ ခေါ်ဆောင်ကာ ဒုတိယ သံသယရှိသူပါ ထပ်မံ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ လက်ရှိတွင် အာဏာပိုင်များက ပျောက်ဆုံးနေသူများ၏ သဲလွန်စကို စစ်ဆေးရေးခွေးများဖြင့် ဆက်လက် ရှာဖွေလျက်ရှိသည်။

Source;Bangkok Post