♈ မိဿရာသီ (Aries)
အပေါင်းအသင်းသစ်များနှင့် အဆင်ပြေမည်ဖြစ်သော်လည်း မိတ်ဆွေသစ်များကြား ရန်ဖြစ်ပါက ကြားမှ ပါဝင်ခြင်း ရှောင်ပါ။ ရရှိသော လာဘ်ဖောက်မှုများကို လျှို့ဝှက်ထားပါ၊ ဝင်ငွေထက် ထွက်ငွေ ပိုများနေတတ်သည်။ အဝေးမှ ဆွေမျိုးများနှင့် ဆုံတွေ့ရတတ်ပြီး အနောက်တိုင်းနိုင်ငံများသို့ ခရီးသွားချင်စိတ် ရှိမည်။ ချစ်သူ၊ အိမ်ထောင်ဖက်နှင့် စကားများရတတ်သဖြင့် သတိထားပါ။
♉ ပြိဿရာသီ (Taurus)
(အိမ်၊ ခြံ၊ မြေ နှင့် စိုက်ပျိုးရေး လာဘ်စမ်းရန်) အဓိကစီမံကိန်းကြီးများ၊ စိုက်ပျိုးရေး၊ အိမ်၊ ခြံ၊ မြေ သို့မဟုတ် သတ္တုတွင်းထွက် လုပ်ငန်းများတွင် ကြန့်ကြာမှုများ ရှိနိုင်သည်။ ပူးပေါင်းဆောင်ရွက်လိုသူများရှိပါက ပလတ်စတီစတား (စနေဂြိုဟ်) မူမှန်ချိန် နှစ်ကုန်ပိုင်းထိ စောင့်ဆိုင်းပါ၊ ဆန့်ကျင်ဘက်လိင်ထံမှ လာဘ်ရမည်။ ရှေးဟောင်းပစ္စည်း၊ အဆောင်နှင့် ယုံကြည်မှုဆိုင်ရာ ပယောဂများကို ဝေးဝေးရှောင်ပါ။
♊ မေထုန်ရာသီ (Gemini)
ဝင်ငွေလမ်းကြောင်းမျိုးစုံမှ ငွေကြေးအမြောက်အမြား ဝင်လာမည်။ ငွေရလျှင် အလှအပဆိုင်ရာနှင့် နည်းပညာပစ္စည်းများ ဝယ်ယူမိတတ်သည်။ ဆွေးနွေးညှိနှိုင်းမှုများ အောင်မြင်ပြီး ရင်းနှီးမြှုပ်နှံသူနှင့် စာချုပ်ဖက်များ၏ ကူညီမှုကို ရရှိမည်။ စကားပြောဆိုရာတွင် လာဘ်ရလွယ်သည်။ လူပျိုလူလွတ်များ နိုင်ငံခြားသားများနှင့် ဖူးစာဆုံတတ်သည််။
♋ ကရကဋ်ရာသီ (Cancer)
ဥပဒေ၊ ဘာသာရေးနှင့် ပညာရေးဆိုင်ရာ ကိစ္စများတွင် ထက်မြက်နေမည်။ ဆရာ၊ နည်းပြ လုပ်ကိုင်သူများ အလွန်အဆင်ပြေမည်။ လုပ်ငန်းခွင်တွင် ပိုမိုတက်ကြွစွာ လုပ်ဆောင်မှ အောင်မြင်မှုရမည်။ သောက်စားမူးယစ်ခြင်းနှင့် အပျော်အပါးများကို အထူးရှောင်ပါ။ မလိုလားအပ်သော အမှားငယ်တစ်ခုကြောင့် အလုပ်တွင် ပြဿနာကြီးမားသွားတတ်သည်။
♌ သိဟ်ရာသီ (Leo)
ဂုဏ်သိက္ခာ ထိခိုက်ရမည့် ကိစ္စများ ကြုံရတတ်သည်။ တန်ဖိုးကြီးပစ္စည်း ပျောက်ဆုံးခြင်း သို့မဟုတ် ဒဏ်ငွေဆောင်ရခြင်းများ ရှိမည်။ အထက်လူကြီးထံမှ ကူညီမှု မရသည့်အပြင် သူတို့၏ အခက်အခဲကိုပါ ကူညီပေးရတတ်သည်။ ထိရောက်သော အငြင်းအခုံမျိုး မလုပ်ပါနှင့်။ အိမ်ထောင်ရှင်များ စကားများရတတ်သဖြင့် အဲဒီအခြေအနေကို သတိထား ထိန်းသိမ်းပါ။
♍ ကန်ရာသီ (Virgo)
ပုံမှန်ဝင်ငွေ မဟုတ်သော ထူးခြားသည့် လာဘ်များ၊ အထက်လူကြီးများထံမှ လက်ဆောင်များ ရရှိမည်။ ရည်းစားဟောင်း သို့မဟုတ် လက်အောက်ငယ်သားဟောင်းများ အဆက်အသွယ် ပြန်ရတတ်သည်။ ချစ်သူရှိပါက မလိုအပ်ဘဲ အခြားသူနှင့် မရှုပ်ပါနှင့်၊ အိမ်ထောင်ရေး ပျက်စီးတတ်သည်။ ဒေသခံ မိုက်ရူးဆိုင်းသူများနှင့် အငြင်းအခုံဖြစ်ခြင်းမှ ဝေးဝေးနေပါ။
♎ တူရာသီ (Libra)
မိသားစု၊ ဆွေမျိုးများနှင့် ငြင်းခုံမှုများ လျော့ပါးသွားမည်။ မျှော်လင့်ထားသော ဝင်ငွေများ ပုံမှန် ပြန်ဝင်လာမည်။ အလုပ်များ လွန်စွာ များပြားနေမည်ဖြစ်ပြီး အထက်လူကြီးများက စီမံကိန်းကြီးများကို ယုံကြည်စွာ လွှဲပြောင်းပေးမည်။ လမ်းတိုမှ ငွေရှာသည့် နည်းလမ်းများကို လုံးဝ မလုပ်ပါနှင့်၊ နောင်တွင် ပြဿနာကြီးမားသွားတတ်သည်။
♏ ဗြိစ္ဆာရာသီ (Scorpio)
ဒေါသနှင့် စိတ်တိုမှုကို ကောင်းစွာ ထိန်းချုပ်နိုင်သဖြင့် ပြိုင်ဘက်များကို အလွယ်တကူ အနိုင်ရမည်။ ရှေးဟောင်းပစ္စည်းများ သို့မဟုတ် လိုင်းပေါ်မှ ငွေလဲလှယ်မှုများမှ အမြတ်အစွန်း ရရှိမည်။ ပညာရေးနှင့် သင်တန်းကိစ္စများ အကျိုးပေးမည်။ လွန်ကဲစွာ စွန့်စားရသော အားကစားနှင့် လှုပ်ရှားမှုများကို ရှောင်ကြဉ်ပါ။
♐ ဓနုရာသီ (Sagittarius)
လူမှုအသိုင်းအဝိုင်းတွင် ထင်ပေါ်ကျော်ကြားမည် ဖြစ်သော်လည်း စကားနည်းနည်းပြောပြီး နားထောင်မှု ပိုလုပ်ပါ။ အာရုံမကြည်ချိန်တွင် ပြောလိုက်သော စကားကြောင့် ဂုဏ်သိက္ခာ ထိခိုက်နိုင်သည်။ အိမ်၊ မိသားစုနှင့် ဝေးကွာနေရသဖြင့် အထီးကျန်သလို ခံစားရတတ်သည်။ ချစ်သူ အလိုလိုက်ရန် လိုအပ်မည်။
♑ မကာရရာသီ (Capricorn)
စွန့်စားရသော ရင်းနှီးမြှုပ်နှံမှု သို့မဟုတ် ကံစမ်းမဲများမှ ကံကောင်းစွာ လာဘ်ရတတ်သည်။ မိသားစုနှင့် ပူးပေါင်းစိုက်ထုတ်သော လုပ်ငန်းများတွင် စကားများရတတ်သည်။ ရောဂါဝေဒနာ အကြောင်းမဲ့ ခံစားရတတ်သဖြင့် ကျန်းမာရေးနှင့် အစားအသောက် သတိထားပါ။ မိတ်ဆွေသစ်များ ရရှိမည်ဖြစ်ပြီး လူပျိုလူလွတ်များ ဆန့်ကျင်ဘက်လိင်၏ စိတ်ဝင်စားမှုကို အကြီးအကျယ် ခံရမည်။
♒ကုမ်ရာသီ (Aquarius)
ဝတ်စားဆင်ယင်မှု သားနားသော်လည်း အတွင်းစိတ်တွင် ပျော်ပါးလိုစိတ် များနေ၍ ငွေကုန်ကြေးကျ များမည်။ စကားပြောဆိုရာတွင် ကိုယ်တိုင် မပြောဘဲ အခြားသူအား ကိုယ်စားပြောခိုင်းပါ၊ မဟုတ်ပါက ရန်သူ ပိုများလာမည်။ အထက်လူကြီးများက မလိုမုန်းထား စောင့်ကြည့်နေသဖြင့် ဥပဒေနှင့် စည်းကမ်းအတိုင်းသာ ပြုလုပ်ပါ။ မျှော်လင့်ထားသော ငွေများ မရရှိနိုင်သေးပါ။
♓ မိန်ရာသီ (Pisces)
အကြောင်းမဲ့ စိတ်ကူးယဉ် စိတ္တဇဖြစ်နေတတ်သည်။ လွယ်လွယ်နှင့် လမ်းတိုမှ ငွေရှာသည့် နည်းလမ်းများကို မစဉ်းစားပါနှင့်။ လူကြီးသူမများနှင့် ဆန့်ကျင်ဘက်လိင်များက မိမိစကားကို နားထောင်ကြမည်။ နိုင်ငံခြားနှင့် သက်ဆိုင်သော အလုပ်များ၊ အွန်လိုင်းလုပ်ငန်းများနှင့် သမိုင်းဆိုင်ရာ လုပ်ငန်းများ အလွန်အကျိုးပေးမည်။ အသင်းအဖွဲ့နှင့် သွားလာရာတွင် မလိုအပ်ဘဲ ငွေမသုံးမိအောင် သတိထားပါ။
Source; Khaosod
