အရှေ့အလယ်ပိုင်း စစ်ရေးတင်းမာမှုကြောင့် ထိုင်းနိုင်ငံသားများအား နိုင်ငံခြားရေးဝန်ကြီးဌာန သတိပေး

ဘန်ကောက်၊ ဩဂုတ် ၂ (၂၀၂၆) – အရှေ့အလယ်ပိုင်းဒေသအတွင်း ဒေသတွင်း ပဋိပက္ခများနှင့် စစ်ရေးတင်းမာမှုများ တစ်ကျော့ပြန် အရှိန်မြင့်တက်လာနေသည့်အတွက် အဆိုပါဒေသတွင် ရောက်ရှိနေထိုင်ကြသော ထိုင်းနိုင်ငံသားများအနေဖြင့် အထူးဂရုပြု စောင့်ကြည့်ကြရန် ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက တနင်္ဂနွေနေ့ (ဩဂုတ် ၂ ရက်) တွင် သတိပေးချက် ထုတ်ပြန်လိုက်ပါတယ်။
ဒေသဆိုင်ရာ ကောင်စစ်ရေးရာဌာန (Department of Consular Affairs) က အရှေ့အလယ်ပိုင်း နိုင်ငံအသီးသီးတွင် ရောက်ရှိနေသည့် ထိုင်းနိုင်ငံသားများအား ဒေသတွင်း အာဏာပိုင်များနှင့် ထိုင်းသံရုံး/ကောင်စစ်ဝန်ရုံးများ၏ သတင်းထုတ်ပြန်ချက်များကို အနီးကပ် စောင့်ကြည့်ရန် တိုက်တွန်းထားသည်။
ဒေသတွင်း ပဋိပက္ခဖြစ်ပွားနိုင်ခြေရှိသည့် စိုးရိမ်ရသော ဧရိယာများကို သွားရောက်ခြင်းမှ ရှောင်ကြဉ်ရန်နှင့် အရှေ့အလယ်ပိုင်းဒေသသို့ ခရီးသွားရန် စီစဉ်နေသူများအနေဖြင့် မဖြစ်မနေ သွားရောက်ရန် လိုမလို သေချာစွာ စဉ်းစားသုံးသပ်ကြရန် အကြံပြုထားသည်။
အရေးပေါ် အကူအညီ လိုအပ်ပါက နီးစပ်ရာ ထိုင်းသံရုံး သို့မဟုတ် ကောင်စစ်ဝန်ရုံးများသို့ ဆက်သွယ်နိုင်သလို၊ ကောင်စစ်ရေးရာဌာန၏ Call Centre ဖုန်းနံပါတ် 0-2572-8442 သို့ ၂၄ နာရီပတ်လုံး ဆက်သွယ်နိုင်ပါသည်။
အဆိုပါ သတိပေးချက်သည် အစ္စရေးစစ်တပ်၏ ဂါဇာကမ်းမြှောင် (Gaza Strip) ဒေသအတွင်း စစ်ဆင်ရေးများ ဆက်လက် ပြုလုပ်နေချိန်နှင့် တိုက်ဆိုင်စွာ ထွက်ပေါ်လာခြင်းဖြစ်သည်။ ဂါဇာအလယ်ပိုင်းရှိ အဓိက ဆေးရုံကြီးတစ်ခုအနီးရှိ ဆေးဝါးသိုလှောင်ရုံတစ်ခု ထိမှန်ပျက်စီးခဲ့ရပြီး အနည်းဆုံး ပာလက်စတိုင်း ၇ ဦး သေဆုံးခဲ့ရသဖြင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတိုင်းများ ပိုမိုဆိုးရွားလာမည်ကို ဒေသတွင်း၌ စိုးရိမ်လျက်ရှိကြသည်။

Source;The Nation