ထိုင်းနိုင်ငံ၊ ကန်ချနပူရီခရိုင်၊ မောင်း (Mueang) မြို့နယ်ရှိ မူကြိုကျောင်းအတွင်းသို့ မော်တော်ယာဉ်တစ်စီး ဝင်ရောက်တိုက်မိခဲ့ရာ ကလေးငယ် ၁၅ ဦး ဒဏ်ရာရရှိခဲ့ပြီး ဆေးရုံသို့ ပို့ဆောင်ထားကာ အသက်အန္တရာယ် မစိုးရိမ်ရကြောင်း သိရှိရပါတယ်။
ကန်ချနပူရီခရိုင်၊ မောင်းမြို့နယ်ရှိ Ban Nong Song Ton မူကြိုကျောင်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
အဆိုပါ မူကြိုကျောင်းအတွင်း၌ ယနေ့တွင် ကလေးငယ် စုစုပေါင်း ၃၄ ဦး ရှိနေခဲ့ပြီး ၁၅ ဦး ဒဏ်ရာရရှိကာ ကျန် ၁၉ ဦးမှာ ထိခိုက်ဒဏ်ရာ မရရှိခဲ့ပေ။
ရတနာဝုဓ ကူညီကယ်ဆယ်ရေး ဖောင်ဒေးရှင်း (Rattanavudh Foundation)၊ အရေးပေါ် ဆေးဘက်ဆိုင်ရာ အဖွဲ့များနှင့် ရဲတပ်ဖွဲ့တို့ ရောက်ရှိလာပြီး အခင်းဖြစ်ပွားရာ နေရာ၌ ပထမရှေးဦးပြုစုခြင်းများ ဆောင်ရွက်ပေးကာ ဆေးရုံသို့ အမြန်ဆုံး လွှဲပြောင်းပို့ဆောင်ပေးခဲ့သည်။
ယာဉ်ဝင်တိုက်ရသည့် အဓိက အကြောင်းအရင်းကို ရဲတပ်ဖွဲ့က ဆက်လက် စုံစမ်းစစ်ဆေးလျက်ရှိသည်။
အလားတူ သတင်းများအရ ဆူရင် (Surin) ခရိုင်ရှိ အဝေးပြေးလမ်းမကြီးပေါ်တွင် ကျောင်းသား/သူ စုစုပေါင်း ၅၇ ဦး တင်ဆောင်လာသည့် ကျောင်းကားတစ်စီး တိမ်းမှောက်ခဲ့သော်လည်း အားလုံးမှာ ပွန်းပဲ့ဒဏ်ရာ အနည်းငယ်စီသာ ရရှိခဲ့ပြီး စိုးရိမ်ရသူ သို့မဟုတ် သေဆုံးသူ မရှိကြောင်း သိရသည်။
Source;Thaiger
