တရုတ်နိုင်ငံက ကုန်သွယ်ရေးတွင် ယွမ်ငွေ ပိုမိုသုံးရန်နှင့် ဒေါ်လာ မှီခိုမှု လျှော့ချရန် စီစဉ်

တရုတ်အစိုးရသည် နိုင်ငံတကာ ကုန်သွယ်မှုများတွင် ယွမ်ငွေ (Yuan) ၏ အခန်းကဏ္ဍကို ပိုမို ကျယ်ပြန့်လာစေရန် ကြိုးပမ်းအားထုတ်မှုများကို တိုးမြှင့် လုပ်ဆောင်လျက်ရှိပြီး၊ နယ်စပ်ဖြတ်ကျော် ကုန်သွယ်မှုများတွင် အမေရိကန် ဒေါ်လာကို ကြားခံအဖြစ် သုံးစွဲမှုကို လျှော့ချရန် ရည်ရွယ်၍ ထိုင်းဘတ်ငွေ (Baht) အပါအဝင် နိုင်ငံခြား ငွေကြေးအများအပြားနှင့် တိုက်ရိုက် ငွေရှင်းလင်းမှု (Direct Settlement) စနစ်များကို တိုးချဲ့ခွင့်ပြုလိုက်ပါတယ်။

တရုတ် ပြည်တွင်း စီးပွားရေး ဘဏ်များအား ထိုင်းဘတ်ငွေ အပါအဝင် နိုင်ငံခြား ငွေကြေး အမျိုးအစား အများအပြားနှင့် တိုက်ရိုက် ငွေရှင်းလင်းနိုင်သည့် အစီအစဉ်များကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ခွင့် ပြုလိုက်သည်။

နယ်စပ်ဖြတ်ကျော် ကုန်သွယ်မှု ပြုလုပ်ရာတွင် အမေရိကန် ဒေါ်လာကို ကြားခံ ငွေကြေးအဖြစ် အသုံးပြုရမှုကို လျှော့ချပြီး၊ တိုက်ရိုက် ငွေလဲလှယ် လဲလှယ်မှုများမှတစ်ဆင့် ငွေကြေး လဲလှယ်ခ ကုန်ကျစရိတ်များကို လျှော့ချရန် ရည်ရွယ်သည်။

တရုတ်ယွမ်ငွေကို ကမ္ဘာ့ စီးပွားရေးနှင့် ကုန်သွယ်ရေး ကဏ္ဍတွင် ပိုမို ခိုင်မာသော စံသုံး ငွေကြေးတစ်ခု ဖြစ်လာစေရေးအတွက် ပီကင်း၏ မဟာဗျူဟာမြောက် တွန်းအားပေးမှု တစ်ခုလည်း ဖြစ်သည်။

Source;Bangkok Post