ထိုင်းနိုင်ငံမြောက်ပိုင်း၊ ချင်းမိုင်ခရိုင်၊ ဆာရဖီဒေသတွင် အများပြည်သူ နေအိမ်များနှင့် လမ်းမများပေါ်၌ တရားမဝင် အတိုးကြီးချေးငွေကြော်ငြာများ လိုက်လံဝေငှနေသည့် အသက် ၁၉ နှစ်အရွယ် “ပါကင်” (Pakin) ဆိုသူ လူငယ်တစ်ဦးကို ရဲတပ်ဖွဲ့က ၂၀၂၆ ခုနှစ်၊ မေလ ၂၃ ရက် တွင် တစ်နှစ်အတွင်း (၄) ကြိမ်မြောက် အဖြစ် ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရပါတယ်။
၎င်းနှင့်အတူ ‘Instant Cash’ အမည်ရှိ ချေးငွေကြော်ငြာကတ်ပြားများ၊ ဟွန်ဒါမော်တော်ဆိုင်ကယ်တစ်စီးနှင့် အကြွေးဆပ်ရမည့်သူများ၏ အမည်စာရင်း (Debtor list) တို့ကို သက်သေခံအဖြစ် သိမ်းဆည်းရမိခဲ့ပါတယ်။

ဤ ‘Instant Cash’ ချေးငွေကွန်ရက်ကြီးသည် ချေးငွေသက်တမ်း ၂၄ ရက်အတွက် အတိုးနှုန်း ၂၀% (တစ်နှစ်လျှင် ၃၀၄%) အထိ တောင်းခံလေ့ရှိသည်။ ဥပမာ – ငွေ ၁၀,၀၀၀ ဘတ် ချေးယူပါက တစ်ရက်လျှင် ၅၀၀ ဘတ် နှုန်းဖြင့် ၂၄ ရက်တိတိ ပြန်ဆပ်ရပြီး စုစုပေါင်း ၁၂,၀၀၀ ဘတ် ပေးဆောင်ရသည်။ ငွေမဆပ်နိုင်ပါက လူမိုက်နည်းလမ်းများဖြင့် ခြိမ်းခြောက်လေ့ရှိပါတယ်။
ပါကင်သည် ယခုနှစ်အစောပိုင်းကပင် ချင်းမိုင်ခရိုင်တရားရုံးက ထောင်ဒဏ် ၂ နှစ်နှင့် ဒဏ်ငွေ ၁၅၀,၀၀၀ ဘတ် အမိန့်ချမှတ်ကာ ဆိုင်းငံ့ထားသူဖြစ်သော်လည်း လွတ်မြောက်လာပြီးနောက် ယခုလုပ်ငန်းကို ချက်ချင်းပြန်လုပ်သဖြင့် ထပ်မံဖမ်းဆီးခံရခြင်း ဖြစ်ပါတယ်။
Source; Thaiger
