ပြီးခဲ့သည့် ဩဂုတ်လ ၁၆ ရက်နေ့က ထွက်ရှိခဲ့သည့် ထိုင်းအစိုးရ ထီပေါက်စဉ်တွင် ရောင်းချရန် ကျန်ရှိနေသည့် လက်ကျန် ထီလက်မှတ်များအနက်မှ မြန်မာနိုင်ငံသား ထီကိုယ်စားလှယ်တစ်ဦး ဘတ် ၆ သန်း ပထမဆုကြီး ဆွတ်ခူးသွားခဲ့ပါတယ်။
ကံထူးရှင် မြန်မာနိုင်ငံသားသည် ထိုင်းအစိုးရ ထီရုံး (Government Lottery Office) သို့ ကိုယ်တိုင် တိုက်ရိုက်သွားရောက်ကာ ဆုငွေ ထုတ်ယူသည့် လုပ်ငန်းစဉ်များကို ဆောင်ရွက်ခဲ့ကြောင်း ၎င်း၏ Facebook စာမျက်နှာမှတစ်ဆင့် မျှဝေထားသည်။ မြန်မာနိုင်ငံသားများ ဘတ် ၆ သန်းဆု ခကြာခဏ ပေါက်လေ့ရှိသော်လည်း ထီရောင်းချသူ ကိုယ်စားလှယ်ကိုယ်တိုင် ပေါက်သည့်ဖြစ်စဉ်မှာ အလွန်ရှားပါးသည်။
ထီဆုငွေ သွားရောက်ထုတ်ယူရာတွင် ပေါက်ထီလက်မှတ်နှင့်အတူ စိစစ်ရန်အတွက် Passport (သို့မဟုတ်) Pink Card (ကတ်ပန်းရောင်) တစ်ခုခု ပါရှိရန် လိုအပ်သည်။
ထီရုံးသို့ ရောက်ရှိပါက QR Code သီးသန့် ထုတ်ယူ၍ မိမိ၏ အမည်နှင့် ဖုန်းနံပါတ်တို့ကို ဖြည့်စွက်ကာ လွယ်ကူလျင်မြန်စွာ ဆုငွေထုတ်ယူနိုင်ခဲ့သည်ဟု ဆိုသည်။
ဆုငွေများ ထုတ်ယူရာတွင် ထိုင်းအစိုးရ သတ်မှတ်ထားသော ဘဏ်အကောင့်များ ပေါ်မူတည်၍ အောက်ပါအတိုင်း ဆုငွေတိုက်ရိုက် ထည့်သွင်းပေးကြောင်း သိရသည်။Krungthai Bank (KTB)၊ Government Savings Bank (GSB) နှင့် BAAC ဘဏ်အကောင့်များ ဖြစ်ကြသည်။ အခြား ဘဏ်အကောင့်များ ဖြစ်ပါက ဘတ် ၂ သန်းအောက်သာ တစ်ကြိမ်လျှင် ထည့်သွင်းပေးကြောင်း သိရသည်။
Source;Jade Life
