ထိုင်းနိုင်ငံ ဆေးသိပ္ပံဦးစီးဌာနက “K-pod” သို့မဟုတ် “Zombie Vape” ဟု လူသိများသည့် အီးဆေးလိပ် (e-cigarette) ရေငွေ့ရည်များအတွင်း စိတ်ကြွဆေးပြား ဒြပ်ပေါင်း (Methamphetamine) နှင့် မေ့ဆေးတစ်မျိုးဖြစ်သော Etomidate ဓာတုပစ္စည်းများကို ပထမဦးဆုံးအကြိမ် စစ်ဆေးတွေ့ရှိခဲ့ရပြီး ပေါင်းစပ်သုံးစွဲပါက အသက်အန္တရာယ်အထိ စိုးရိမ်ရကြောင်း သတိပေးလိုက်ပါတယ်။
စိတ်ကြွဆေးဝါး ဒြပ်ပေါင်း ပါဝင်နေသဖြင့် နှလုံးခုန်နှုန်း မမှန်ခြင်းနှင့် နှလုံးရပ်တန့်၍ သေဆုံးနိုင်ခြေ (Heart Failure) ကို မြင့်တက်စေသည်။
မေ့ဆေးအဖြစ် သုံးစွဲသည့် ဆေးဝါးဖြစ်ပြီး အသက်ရှူနှုန်းကို ထိန်းချုပ်/နှေးကွေးသွားစေသည့်အပြင် သတိမေ့လျော့ခြင်း (Amnesia) များကို ဖြစ်ပေါ်စေသည်။
ဆေးသိပ္ပံဦးစီးဌာန ညွှန်ကြားရေးမှူး Sutharat Suwan က အီးဆေးလိပ် ရေငွေ့ရည်များအတွင်း တရားမဝင် မူးယစ်ဆေးဝါးများကို ရောနှောရောင်းချသည့် အလေ့အထ မြင့်တက်လာနေပြီး သုံးစွဲသူများအတွက် သေရာပါ အန္တရာယ်များ ဖြစ်ပေါ်စေနိုင်သဖြင့် အထူးသတိပြုကြရန် တိုက်တွန်းထားသည်။
Source;Bangkok Post
