နွန်ထဘူရီ ဘန်ကောက်နွိုင်မြောင်းအတွင်း ရေဖျံ အကောင် ၂၀ ကျော် ပေါ်ထွက်လာ

ထိုင်းနိုင်ငံ၊ နွန်ထဘူရီ (Nonthaburi) ခရိုင်၊ မောင်း (Mueang) မြို့နယ်၊ ဘန်းဂရန့် (Bang Krang) ကျေးရွာအုပ်စု၊ အမှတ် (၇) ရပ်ကွက်ရှိ ဘန်ကောက်နွိုင် မြောင်း Click to open side panel for more information  အတွင်း အောက်တိုဘာ ၅ ရက်နေ့က ရေဖျံ (Otters) အကောင် ၂၀ ကျော် တစ်ပြိုင်နက်တည်း ရေကူးပြီး ငါးဖမ်းဆီးနေကြသည်ကို တွေ့ရှိခဲ့ရသဖြင့် အဆိုပါဧရိယာတွင် ဆယ်စုနှစ်များစွာ နေထိုင်ခဲ့သည့် ဒေသခံများ အံ့အားသင့်ခဲ့ကြရပါတယ်။

အောက်တိုဘာ ၅ ရက်နေ့က နွန်ထဘူရီမြို့နယ်၊ ဘန်းခူးဝီယန်း (Bang Khu Wiang) အနီး ဘန်ကောက်နွိုင် မြောင်း Click to open side panel for more information  အတွင်း အကောင်ကြီး၊ အကောင်ငယ် အပါအဝင် ရေဖျံအုပ်စုကြီးကို တွေ့ရှိခဲ့ကြခြင်းဖြစ်သည်။

ရေဖျံများသည် မြောင်း၏ တစ်ဖက်တစ်ချက်စီတွင် အုပ်စု ၂ စု ခွဲ၍ ရှိနေခဲ့ကြပြီး၊ အချို့မှာ အချင်းချင်း မျက်နှာချင်းဆိုင်ကာ နယ်မြေလု အားပြိုင်သည့် ပုံစံမျိုး ပြုလုပ်နေကြသလို အချို့မှာမူ ငါးများကို လွတ်လပ်စွာ ဖမ်းဆီးစားသောက်နေကြသည်။

အဆိုပါ မြောင်းဘေးတွင် နှစ်ပေါင်း ၄၀ ကျော်တိုင်အောင် နေထိုင်လာခဲ့သည့် ဒေသခံများကပင် အဆိုပါဧရိယာ၌ ယခုကဲ့သို့ ရေဖျံ အရေအတွက် အမြောက်အမြားကို တစ်ခါမျှ မမြင်ဖူးခဲ့ကြောင်းနှင့် အလွန်ထူးဆန်းသည့် ဖြစ်စဉ်တစ်ခု ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ရေဖျံများသည် ထိုင်းနိုင်ငံ၏ ဥပဒေအရ ကာကွယ်ထားသော တောရိုင်းတိရစ္ဆာန်များ (Protected wildlife) စာရင်းဝင်ဖြစ်ပြီး သဘာဝအတိုင်း အာဟာရရှာဖွေ စားသောက်သည့် သတ္တဝါများ ဖြစ်သည်။

ရေထုညစ်ညမ်းမှုနှင့် မြို့ပြဧရိယာများအနီး ယခုကဲ့သို့ ရေဖျံအုပ်စုကြီး ရုတ်တရက် ပေါ်ထွက်လာခြင်းသည် မြောင်းဘေးရှိ ပြည်သူများနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားများအကြား စိတ်ဝင်စားမှု များပြားလျက် ရှိပါသည်။

Source;Khaosod