ထိုင်း၌ အွန်လိုင်းမှ တရားမဝင် သေနတ်ရောင်းဝယ်သူ ၁၈၆ ဦးနှင့် သေနတ် ၂၂၈ လက် စံချိန်တင် ဖမ်းဆီးရမိ

ထိုင်းနိုင်ငံ ဆိုက်ဘာ ပြစ်မှုစုံစမ်းစစ်ဆေးရေး ဗျူရို (CCIB) က ခရိုင် ၁၂ ခုရှိ နေရာပေါင်း ၂၀၀ ကျော်ကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဝင်ရောက်စီးနင်းခဲ့ရာ အွန်လိုင်းမှတစ်ဆင့် တရားမဝင် လက်နက်ရောင်းဝယ်နေသူ သံသယရှိသူ ၁၈၆ ဦးနှင့် သေနတ် ၂၂၈ လက်ကို ဖမ်းဆီးသိမ်းဆည်းရမိခဲ့ကြောင်း ထုတ်ပြန်လိုက်ပါတယ်ဗျာ။

တရားဝင် မှတ်ပုံတင်ထားသည့် သေနတ် ၃၃ လက်၊ မှတ်ပုံတင်မထားသည့် သေနတ် ၁၉၄ လက်၊ စစ်သုံးလက်နက် ၁ လက်၊ ကျန်းသီး/ကျဲသီး ကျည်ဆန် ၁,၂၉၄ တောင့်၊ သေနတ် အစိတ်အပိုင်း ၂၇ ခုနှင့် လက်လုပ်ဗုံး ၁ လုံးတို့ ပါဝင်သည်။

Shopee ပလက်ဖောင်း၌ မော်တော်ယာဉ် အပိုပစ္စည်း ရောင်းချသည့်ဆိုင်အဖြစ် ဟန်ဆောင်ကာ အဖွဲ့ဝင် ၈၀၀ ကျော်ရှိသည့် LINE Group များမှတစ်ဆင့် တရားမဝင် သေနတ် ရောင်းချနေသည့် ကြက်ဥဆိုင်တစ်ဆိုင်ကို ဝင်ရောက်စီးနင်းခဲ့သည်။

Blank-firing သေနတ်များကို အစစ်အမှန် ပစ်ခတ်နိုင်အောင် ပြုပြင်ပြောင်းလဲပေးသည့် ဆိုင်ကယ်ပြင်ဆရာတစ်ဦးကို ဖမ်းဆီးရမိခဲ့သည်။

သာရပူရီ (Saraburi) ခရိုင်၌ UZI စက်သေနတ်ငယ် ၁ လက်နှင့် စိတ်ကြွဆေးပြားများ အတူတွေ့ရှိသူတစ်ဦး၊ ခချိုအင်းဆောတွင် Facebook မှတစ်ဆင့် ရောင်းချသူတစ်ဦးနှင့် စူဖန်းဘူရီတွင် လက်နက် ၉ လက်ပိုင်ဆိုင်ပြီး Social Media ၌ ကြွားဝါနေသူ စပါးအခြောက်ခံစက်ပိုင်ရှင်တစ်ဦးတို့ကို ဖမ်းဆီးခဲ့သည်။

ဆိုက်ဘာ ရဲတပ်ဖွဲ့က အွန်လိုင်းမှတစ်ဆင့် တရားမဝင် လက်နက်များ ဝယ်ယူခြင်း၊ ရောင်းချခြင်း၊ လက်ဝယ်ထားရှိခြင်းနှင့် ပြုပြင်ပြောင်းလဲခြင်းများ မပြုလုပ်ကြရန် အသိပေးထားပြီး၊ စည်းကမ်းလိုက်နာရန် တိုက်တွန်းထားသည်။ အစိုးရ၏ မူဝါဒအတိုင်း အွန်လိုင်း တရားမဝင် လက်နက်နှိမ်နင်းရေး လုပ်ငန်းများကို တစ်နိုင်ငံလုံး၌ ဆက်လက် တင်းကြပ်စွာ ဆောင်ရွက်သွားမည်ဖြစ်သည်။

Source;Thaiger