ထိုင်းရွှေဈေး ဗုဒ္ဓဟူးနေ့ နံနက် ဈေးဖွင့်ချိန်၌ ၁,၁၅၀ ဘတ်အထိ ထပ်မံ ထိုးဆင်း

ထိုင်းနိုင်ငံ၏ ပြည်တွင်း ရွှေဈေးနှုန်းများသည် စက်တင်ဘာလ ၂ ရက် (ဗုဒ္ဓဟူးနေ့) နံနက်ပိုင်း ဈေးစဖွင့်ချိန်တွင် ရွှေတုံးဈေးနှုန်း တစ်ဘတ်သားလျှင် ၁,၁၅၀ ဘတ် အထိ ထပ်မံ၍ ပြင်းထန်စွာ ထိုးဆင်းသွားခဲ့ကြောင်း ထိုင်းရွှေကုန်သည်များအသင်း (GTA) ၏ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

ရွှေကုန်သည်များအသင်း၏ နံနက် ၉:၀၃ နာရီ ပထမအကြိမ် ကြေညာချက်အရ အခေါက်ရွှေ (၉၆.၅%) ဈေးနှုန်းများမှာ အောက်ပါအတိုင်း ဖြစ်သည်။

ရွှေတုံး (Gold Bullion):

-ရောင်းဈေး – တစ်ဘတ်သားလျှင် ၆၇,၉၀၀ ဘတ် (အင်္ဂါနေ့ထက် ၁,၁၅၀ ဘတ် ကျဆင်း)

-ဝယ်ဈေး – တစ်ဘတ်သားလျှင် ၆၇,၇၀၀ ဘတ်

ရွှေထည် (Gold Ornaments):

-ရောင်းဈေး – တစ်ဘတ်သားလျှင် ၆၈,၇၀၀ ဘတ်

(မှတ်ချက်။ ။ အင်္ဂါနေ့ကလည်း တစ်နေ့တာအတွင်း ရွှေဈေးနှုန်း ၃၀ ကြိမ်အထိ ပြောင်းလဲပြင်ဆင်ခဲ့ပြီး စုစုပေါင်း ၈၀၀ ဘတ်အထိ ကျဆင်းကာ ၆၉,၀၅၀ ဘတ်ဖြင့် ဈေးပိတ်ခဲ့ရာမှ ယနေ့တွင် ထပ်မံထိုးဆင်းသွားခြင်းဖြစ်သည်။)

ကမ္ဘာ့ ရွှေဈေး (Spot Gold): ဗုဒ္ဓဟူးနေ့ နံနက်ပိုင်းတွင် ၁ အောင်စလျှင် ၄,၂၉၄ ဒေါ်လာ ဝန်းကျင်သို့ ကျဆင်းသွားသည်။

US Comex ရွှေဈေး: ညတွင်းချင်း ၈၅.၁၀ ဒေါ်လာအထိ ထပ်မံကျဆင်းခဲ့ပြီး ၁ အောင်စလျှင် ၄,၃၉၆.၄၀ ဒေါ်လာဝန်းကျင် ဖြစ်သွားသည်။

ကျဆင်းရသည့် အကြောင်းအရင်း: အမေရိကန် ဒေါ်လာဈေး ပြန်လည် အားကောင်းလာခြင်း၊ အမေရိကန် အစိုးရ ဘန်းစာချုပ် အကျိုးအမြတ် (Treasury Yields) မြင့်တက်လာခြင်းနှင့် ရက် ၂၀၀ မျှခြေဈေးအောက် သို့ ရောက်ရှိသွားသဖြင့် နည်းပညာဆိုင်ရာ အရောင်းဖိအား (Technical Selling) များပြားလာခြင်းတို့ကြောင့် ဖြစ်သည်။

ဟောင်ကောင် ရွှေဈေး: ဟောင်ကောင်တွင်လည်း ရွှေဈေး ၅၆၀ ဟောင်ကောင်ဒေါ်လာ ကျဆင်းခဲ့ပြီး ၄၀,၃၄၀ ဟောင်ကောင်ဒေါ်လာဖြင့် ဈေးဖွင့်ခဲ့သည်။

Source;The Nation